Skip to content

Additional Information

Field Value
Last updated 2020၊ 18 မေ
Created 2020၊ 18 မေ
ပုံစံ PDF
လိုင်စင် License not specified
အမည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမိန့်အမှတ် (၃၇/၂၀၂၀) (၁၆.၄.၂၀၂၀)
ဖော်ပြချက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၆) ရက်နေ့တွင် အမိန့်အမှတ် ၃၇/၂၀၂၀ ကို အောက်ပါအတိုင်းကြေငြာခဲ့သည် - ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေပုဒ်မ ၂၁ ပိုဒ်မခွဲ(ခ) ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကိုထုတ်ပြန်ခဲ့သည်။ ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် (၂၈၊ ၂၊ ၂၀၂၀) ရက်စွဲပါ အမိန့်အမှတ် ၁၉/၂၀၂၀ ဖြင့် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus 2019 - Covid-19 )ကို ကူးစက်မြန် ရောဂါ သို့မဟုတ် တိုင်ကြားရမည့် ကူးစက်ရောဂါအဖြစ်သတ်မှတ်ခဲ့သည်။
၂။ အများပြည်သူတို့ သည် Covid-19 ကြိုတင်ကာကွယ်ရေးနှင့်ရောဂါနှိမ်နင်းရေး တို့နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနတို့၏ ဆောင်ရွက်ချက်များ၊ အမိန့်၊ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရမည်။
၃။ Covid-19 ကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အောက်ပါကိစ္စရပ်များမှအပ လူ ငါး ဦး ဖြစ်စေ၊ လူငါးဦးထက်ပို၍ဖြစ်စေ စုဝေးခြင်းမပြုရ- (က) အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့သွားရောက်ခြင်း၊ လုပ်ငန်းခွင်မှပြန်ခြင်း (ခ) ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံ များတွင် တာဝန်ထမ်းဆောင်ရန် လုပ်ငန်းခွင်သို့သွားရောက်ခြင်း၊ လုပ်ငန်းခွင်မှပြန်ခြင်း (ဂ) ခွင့်ပြုချက်ရရှိထားသောဈေး၊ကုန်တိုက်များတွင် ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်း။ (ဃ) ခွင့်ပြုချက်ရရှိထားသောကုန်စည်သယ်ယူပို့ဆောင်ရေးဆောင်ရွက်ခြင်း။ (င) တရားစီရင်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခြင်း
(စ) ခွင့်ပြုချက်နှင့်အညီ Covid-19 ကာကွယ် နှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း။ (ဆ) အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းနှင့်အရေးပေါ်ကိစ္စရပ်များဆောင်ရွက်ခြင်း (ဇ) ကျန်းမာရေးနှင့်စပ်လျဉ်း၍ ဆေးရုံ၊ဆေးခန်းသို့သွားရောက်ခြင်း (ဈ) နာရေးကိစ္စဆောင်ရွက်ခြင်း ၄။ Covid-19 နှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် အမိန့်၊ ညွှန်ကြားချက်များ ကိုလိုက်နာရန် ပျက်ကွက်ပါက “ ကူးစက်ရောဂါများ ကာကွယနှိမ်နင်းရေးဥပဒေ” အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သည်။

Resource's languages
  • ဗမာဘာသာစကား