Skip to content

Additional Information

Field Value
Last updated 2016၊ 18 အောက်တိုဘာ
Created 2016၊ 18 အောက်တိုဘာ
ပုံစံ PDF
လိုင်စင် Creative Commons Attribution
အမည် မြန်မာနိုင်ငံရှိ ကျန်းမာရေးသတင်းအချက်အလက်စနစ်အတွက် ငါးနှစ်တာ မဟာဗျူဟာစီမံကိန်း( ၂၀၁၁-၂၀၁၅)
ဖော်ပြချက်

ကျန်းမာရေးသတင်းအချက်အလက်စနစ်မဟာဗျူဟာစီမံကိန်း (၂၀၁၁-၂၀၁၅)သည်မြန်မာနိုင်ငံ ကျန်းမာရေး သတင်းအချက်အလက်စနစ် အတွက်ပထမဆုံးမဟာဗျူဟာမြောက်စီမံကိန်းဖြစ်သည်။ ယခင်ကကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာသတင်းအချက်အလက်စနစ်ကိုအားဖြည့်ရန်အတွက်လုပ်ဆောင်ခဲ့သောလုပ်ငန်းများအားလုံးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO ) ၏နှစ်နှစ်လုပ်ငန်းစီမံချက် (သို့မဟုတ်) ကုလသမဂ္ဂကလေးများရန်ပုံငွေ (UNICEF) (သို့မဟုတ်) ကုလသမဂ္ဂလူဦး ရေရန်ပုံငွေ (UNFPA) ကထောက်ပံ့သော နှစ်စဉ်လုပ်ငန်းအစီအစဉ် ဖြစ်သည်။ ဤကျန်းမာရေးသတင်းအချက်အလက် စနစ်မဟာဗျူဟာစီမံကိန်း (၂၀၁၁-၂၀၁၅) သည် ၀င်ငွေနည်းပါးသော (သို့မဟုတ်) အလယ်အလတ်၀င်ငွေရှိသော နိုင်ငံများရှိကျန်းမာရေး သတင်းအချက် အလက်စနစ်များကိုအားဖြည့်ပေးသည့် ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးမိတ်ဖက်ကွန်ယက်အစီအစဉ် (Health Metrics Network) နှင့်အသုံးပြုသူအမျိုးမျိုးလိုအပ်ချက်အထွေအပေါ်မူတည်၍လက်ရှိအသုံးပြုလျှက်ရှိသော ကျန်းမာရေးသတင်းအချက်အလက်စနစ် အပေါ် ကျယ်ကျယ်ပြန့်ပြန့်လမ်းညွှန်သုံးသပ်မှုများအား အခြေခံ၍ ရေးဆွဲပြုစုထားခြင်းဖြစ်ပါသည်။ ဤကျန်းမာရေးသတင်းအချက်အလက်စနစ်မဟာဗျူဟာစီမံကိန်း (The HIS Strategic Plan) သည် ကျန်းမာရေး၀န်ကြီးဌာန ၀န်ကြီး နှင့်ဒုတိယ၀န်ကြီးများ၊ ကျန်းမာရေး ၀န်ကြီးဌာနလက်အောက်ရှိဌာန အသီးသီးမှအဆင့်မြင့်အရာရှိများ၊ ပြည်နယ် / တိုင်း ဒေသကြီးကျန်းမာရေး ဦးစီးဌာနများမှအဆင့်မြင့်အရာရှိများ၊ ပြည်သူ့အင်အား ဦးစီးဌာနများမှအဆင့်မြင့်အရာရှိများ၊ စာရင်းအင်း ဆိုင်ရာဗဟို ဦးစီးဌာနများမှအဆင့်မြင့်အရာရှိများ၊ ကုလသမဂ္ဂအေဂျင်စီများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှအရာရှိများ၏အကြံပြုလမ်းညွှန်ချက်များနှင့်အညီရေးဆွဲပြုစုထားခြင်းဖြစ်ပါသည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား