Skip to content

Additional Information

Field Value
Last updated 2019၊ 21 ဖေဖော်ဝါရီ
Created 2019၊ 21 ဖေဖော်ဝါရီ
ပုံစံ PDF
လိုင်စင် Creative Commons Attribution
အမည် ဗီယက်နမ် နိုင်ငံ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆန်းစစ် အကဲဖြတ်ခြင်း (ဗီယက်နမ် ဘာသာဖြင့်ဖော်ပြထားပါသည်။) - သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ အားကောင်းခိုင်မာလာစေရန် ကြားဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အဓိက စိန်ခေါ်မှုများအား ဖော်ထုတ်သတ်မှတ်ခြင်း
ဖော်ပြချက်

ဗီယက်နမ် နိုင်ငံသည် ဆင်းရဲ၍ ထိခိုက်လွယ်သော ပြည်သူအများအပြား မှီတင်းနေထိုင်လျှက်သော နိုင်ငံတစ်ခုဖြစ်ပြီး ၎င်းတို့အနက်အများစုမှာ သစ်တောထွက်သယံဇာတများကို အဓိက မှီခိုနေရသည့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားလူမျိုးစုများဖြစ်ကြပါသည်။ အဆိုပါသစ်တောများမှာ တရားမဝင်သစ်ထုတ်လုပ်ခြင်း ၊ အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးလာခြင်း နှင့် လယ်ယာလုပ်ငန်းများတိုးချဲ့လာခြင်း စသည့် ခြိမ်းခြောက်မှုများ ၊ ဖိအားများ နှင့် ရင်ဆိုင် နေကြရပါသည်။ ဥရောပသမဂ္ဂ မှ ရန်ပုံငွေထောက်ပံ့လျှက်ရှိသည့် မဲခေါင်ဒေသသစ်တောများဆိုင်ရာ ဖွင့်ဟဖော်ထုတ်သံများ စီမံကိန်း (V4MF) ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်ပြည်သူ အစုအဖွဲ့ပိုင် သစ် တောများ ဗဟိုဌာနသည် မဟာမဲခေါင်ဒေသငါးနိုင်ငံ သစ်တောနယ်မြေများ စီမံအုပ်ချုပ်ရာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုအခက်အခဲများ နှင့် အခွင့်အလမ်းများကို ကောင်းစွာနား လည်သဘောပေါက်စေရန် ၊ ကိုင်တွယ်ဆောင်ရွက်နှိုင်စေရန် ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏အခန်းကဏ္ဍ ပိုမိုအားကောင်းခိုင်မာလာစေရန် ရည်ရွယ်၍ အရပ်ဖက်လူမှုအဖွဲ့အစည်းများ များနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိပါသည်။ အဆိုပါ လုပ်ငန်းစဉ်များတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အခြေအနေအား ဆန်းစစ်ဝေဖန်များကို ၂၀၁၇ နှောင်းပိုင်း နှင့် ၂၀၁၈ အစပိုင်းတို့တွင် ပြုလုပ်ခဲ့ပါသည်။ ဗီယက်နမ် နိုင်ငံ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သူတို့၏ သဘောထား အမြင်များ ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများ ၊ အထူးသဖြင့် အကျိုးစီးပွါး ပတ်သက်ပါဝင်သူတို့ ၏ ပူးပေါင်းဆောင်ရွက်မှု နှင့် အခွင့်အလမ်းများ ကိုထင်ဟပ်ဖော်ပြထားပါသည်။ စီမံကိန်း မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အမျိုးမျိုးသောအကျိုးစီးပွါး ပတ်သက်ပါဝင်သူများ အထူးသဖြင့် အရပ်ဖက် အဖွဲ့အစည်းများ အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ဖော်ထုတ်သတ်မှတ် ထားသည့် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ကိုင် တွယ်ဆောင်ရွက် ဖြေရှင်းနှိုင်ရန် အစီအစဉ်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါ သည်။

Resource's languages
  • ဗီယက်နမ်ဘာသာစကား