Skip to content

Additional Information

Field Value
Last updated 2018၊ 28 ဇွန်
Created 2018၊ 28 ဇွန်
ပုံစံ PDF
လိုင်စင် Creative Commons Attribution
အမည် ဗီယက်နမ် နိုင်ငံ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆန်းစစ် အကဲဖြတ်ခြင်း(အင်္ဂလိပ် ဘာသာဖြင့်ဖော်ပြထားပါသည်။) - သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ အားကောင်းခိုင်မာလာစေရန် ကြားဝင်ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့် အဓိက စိန်ခေါ်မှုများအား ဖော်ထုတ်သတ်မှတ်ခြင်း
ဖော်ပြချက်

ဗီယက်နမ် နိုင်ငံသည် ဆင်းရဲ၍ ထိခိုက်လွယ်သော ပြည်သူအများအပြား မှီတင်းနေထိုင်လျှက်သော နိုင်ငံတစ်ခုဖြစ်ပြီး ၎င်းတို့အနက်အများစုမှာ သစ်တောထွက်သယံဇာတများကို အဓိက မှီခိုနေရသည့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားလူမျိုးစုများဖြစ်ကြပါသည်။ အဆိုပါသစ်တောများမှာ တရားမဝင်သစ်ထုတ်လုပ်ခြင်း ၊ အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးလာခြင်း နှင့် လယ်ယာလုပ်ငန်းများတိုးချဲ့လာခြင်း စသည့် ခြိမ်းခြောက်မှုများ ၊ ဖိအားများ နှင့် ရင်ဆိုင် နေကြရပါသည်။ ဥရောပသမဂ္ဂ မှ ရန်ပုံငွေထောက်ပံ့လျှက်ရှိသည့် မဲခေါင်ဒေသသစ်တောများဆိုင်ရာ ဖွင့်ဟဖော်ထုတ်သံများ စီမံကိန်း (V4MF) ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ်ပြည်သူ အစုအဖွဲ့ပိုင် သစ် တောများ ဗဟိုဌာနသည် မဟာမဲခေါင်ဒေသငါးနိုင်ငံ သစ်တောနယ်မြေများ စီမံအုပ်ချုပ်ရာတွင် ရင်ဆိုင်ကြုံတွေ့နေရသည့်စိန်ခေါ်မှုအခက်အခဲများ နှင့် အခွင့်အလမ်းများကို ကောင်းစွာနား လည်သဘောပေါက်စေရန် ၊ ကိုင်တွယ်ဆောင်ရွက်နှိုင်စေရန် ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏အခန်းကဏ္ဍ ပိုမိုအားကောင်းခိုင်မာလာစေရန် ရည်ရွယ်၍ အရပ်ဖက်လူမှုအဖွဲ့အစည်းများ များနှင့် ပူးပေါင်းလုပ်ဆောင်လျှက်ရှိပါသည်။ အဆိုပါ လုပ်ငန်းစဉ်များတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှု အခြေအနေအား ဆန်းစစ်ဝေဖန်များကို ၂၀၁၇ နှောင်းပိုင်း နှင့် ၂၀၁၈ အစပိုင်းတို့တွင် ပြုလုပ်ခဲ့ပါသည်။ ဗီယက်နမ် နိုင်ငံ သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်သူတို့၏ သဘောထား အမြင်များ ၊ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများ ၊ အထူးသဖြင့် အကျိုးစီးပွါး ပတ်သက်ပါဝင်သူတို့ ၏ ပူးပေါင်းဆောင်ရွက်မှု နှင့် အခွင့်အလမ်းများ ကိုထင်ဟပ်ဖော်ပြထားပါသည်။ စီမံကိန်း မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် အမျိုးမျိုးသောအကျိုးစီးပွါး ပတ်သက်ပါဝင်သူများ အထူးသဖြင့် အရပ်ဖက် အဖွဲ့အစည်းများ အပါအဝင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ နှင့်ပူးပေါင်း၍ ဖော်ထုတ်သတ်မှတ် ထားသည့် အခွင့်အလမ်းနှင့် စိန်ခေါ်မှုများကို ကိုင် တွယ်ဆောင်ရွက် ဖြေရှင်းနှိုင်ရန် အစီအစဉ်ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါ သည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား