-
မြန်မာနိုင်ငံတွင် အားလုံးပါဝင်မှုဖွံ့ဖြိုးရေးအတွက် လယ်ယာစီးပွားပုံစံများ- ဆန်းစစ်အဖြေရှာခြင်းနှင့်ရှေ့ဆက်သွားမည့် နည်းလမ်းများ
URL: http://www.mylaff.org/document/download/2490
မြန်မာနိုင်ငံသည် လမ်းဆုံလမ်းခွတစ်ခု၌ရောက်ရှိနေသည်။ မြေယာမဲ့မှုနှင့် မြေယာမညီမျှမှု အဆင့်များမြင့်တက် လာခြင်းနှင့် အသေးစားနှင့် အလတ်စား လယ်သမားအများစု၏ ကုန်ထုတ်စွမ်းအားနိမ့်ကျခြင်းတို့ကြောင့် တိုင်းပြည်သည် ထိရောက်ပြီး အားလုံးပါဝင်သည့် လယ်ယာစီးပွားဖွံဖြိုးတိုးတက်မှုမဟာဗျူဟာကိုရှာဖွေနေသည်။ တစ်ချိန်တည်းမှာပင် ၂ မီလိမီတာကျော်ခန့်ရှိသော ခန့်မှန်းမြေပမာဏအား မျှဝေမှုဖွံ့ဖြိုးလာခြင်းနှင့် လူမှုရေး နှင့် ပတ်ဝန်းကျင် ဆိုင်ရာ အန္တရာယ် များကို သက်သေသာဓက နည်းပါးစွာဖြင့် ကြီးမားသော မြေယာလုပ်ပိုင်ခွင့် များအတွက် ခွဲဝေချထားပေးခဲ့သည်။ ဤစာတမ်းသည် မြန်မာနိုင်ငံ၌ တန်ဖိုးကွင်းဆက်(၇)ခုကို အကဲဖြတ်ထားပြီး ပိုမိုကျယ်ပြန့်သော စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများအတွက် လယ်ယာ စီးပွားကို အသုံးချနိုင်သည့်အလားအလာရှိသော စီးပွားရေးလုပ်ငန်းပုံစံများကို အကဲ့ဖြတ်နိုင်ရန်အတွက် အိမ်နီး ချင်း နိုင်ငံများနှင့် အလားတူကြိုးပမ်းအားထုတ်မှုများနှင့် နှိုင်းယှဉ်ထားသည်။ ဆန်းစစ်လေ့လာချက်အရ ရင်းနှီးမြှုပ်နှံသူများသည် အတွေ့ အကြုံနည်းပါးပြီးရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ စသည်တို့ အားနည်းနေသဖြင့် ဆီအုန်းနှင့်ပီလောပီနံတို့တွင် မြေယာလုပ်ပိုင်ခွင့်အကြီးအကျယ် ပျက်ကွက်ခဲ့ရသည်။ သို့သော် ရာဘာကိစ္စရပ်များတွင် ကျယ်ပြန့်သည့် အသေးစားထုတ်လုပ်မှုသည် ABC ရော်ဘာစက်ရုံများနှင့် ချုပ်ဆိုထား သော စာချုပ်များနှင့်ဆက်စပ်သော အရည်အသွေးတိုးတက်မှုမှ အကျိုးကျေးဇူးများရစေပြီး အသေးစား လုပ်ကိုင်သူများ၏ တိုက်တက်မှုကို နှိုးဆွပေးသည်။ ဖြစ်ရပ်များအားလုံးသည် သမရိုးကျ အသုံးပြုသူများ၏ အခွင့်အရေးများကိုကာကွယ်ရန်နှင့် ကြီးမားသော လုပ်ပိုင်ခွင့် အာဏာများမှ ၎င်းတို့ ၏ ရင်းနှီးမြှုပ်နှံမှု သဘောတူ ညီချက်စည်းကမ်းချက်များနှင့် အညီလိုက်လျောညီထွေဖြစ် စေမည့် မြေယာအုပ်ချုပ်ရေးစနစ်၏ တိုးတက် မှုသည် အဓိကကျသည်။
Additional Information
Field | Value |
---|---|
Last updated | 2018၊ 13 ဇွန် |
Created | 2018၊ 13 ဇွန် |
ပုံစံ | |
လိုင်စင် | Creative Commons Attribution |
အမည် | မြန်မာနိုင်ငံတွင် အားလုံးပါဝင်မှုဖွံ့ဖြိုးရေးအတွက် လယ်ယာစီးပွားပုံစံများ- ဆန်းစစ်အဖြေရှာခြင်းနှင့်ရှေ့ဆက်သွားမည့် နည်းလမ်းများ |
ဖော်ပြချက် |
မြန်မာနိုင်ငံသည် လမ်းဆုံလမ်းခွတစ်ခု၌ရောက်ရှိနေသည်။ မြေယာမဲ့မှုနှင့် မြေယာမညီမျှမှု အဆင့်များမြင့်တက် လာခြင်းနှင့် အသေးစားနှင့် အလတ်စား လယ်သမားအများစု၏ ကုန်ထုတ်စွမ်းအားနိမ့်ကျခြင်းတို့ကြောင့် တိုင်းပြည်သည် ထိရောက်ပြီး အားလုံးပါဝင်သည့် လယ်ယာစီးပွားဖွံဖြိုးတိုးတက်မှုမဟာဗျူဟာကိုရှာဖွေနေသည်။ တစ်ချိန်တည်းမှာပင် ၂ မီလိမီတာကျော်ခန့်ရှိသော ခန့်မှန်းမြေပမာဏအား မျှဝေမှုဖွံ့ဖြိုးလာခြင်းနှင့် လူမှုရေး နှင့် ပတ်ဝန်းကျင် ဆိုင်ရာ အန္တရာယ် များကို သက်သေသာဓက နည်းပါးစွာဖြင့် ကြီးမားသော မြေယာလုပ်ပိုင်ခွင့် များအတွက် ခွဲဝေချထားပေးခဲ့သည်။ ဤစာတမ်းသည် မြန်မာနိုင်ငံ၌ တန်ဖိုးကွင်းဆက်(၇)ခုကို အကဲဖြတ်ထားပြီး ပိုမိုကျယ်ပြန့်သော စီးပွားရေးနှင့်လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးများအတွက် လယ်ယာ စီးပွားကို အသုံးချနိုင်သည့်အလားအလာရှိသော စီးပွားရေးလုပ်ငန်းပုံစံများကို အကဲ့ဖြတ်နိုင်ရန်အတွက် အိမ်နီး ချင်း နိုင်ငံများနှင့် အလားတူကြိုးပမ်းအားထုတ်မှုများနှင့် နှိုင်းယှဉ်ထားသည်။ ဆန်းစစ်လေ့လာချက်အရ ရင်းနှီးမြှုပ်နှံသူများသည် အတွေ့ အကြုံနည်းပါးပြီးရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများ စသည်တို့ အားနည်းနေသဖြင့် ဆီအုန်းနှင့်ပီလောပီနံတို့တွင် မြေယာလုပ်ပိုင်ခွင့်အကြီးအကျယ် ပျက်ကွက်ခဲ့ရသည်။ သို့သော် ရာဘာကိစ္စရပ်များတွင် ကျယ်ပြန့်သည့် အသေးစားထုတ်လုပ်မှုသည် ABC ရော်ဘာစက်ရုံများနှင့် ချုပ်ဆိုထား သော စာချုပ်များနှင့်ဆက်စပ်သော အရည်အသွေးတိုးတက်မှုမှ အကျိုးကျေးဇူးများရစေပြီး အသေးစား လုပ်ကိုင်သူများ၏ တိုက်တက်မှုကို နှိုးဆွပေးသည်။ ဖြစ်ရပ်များအားလုံးသည် သမရိုးကျ အသုံးပြုသူများ၏ အခွင့်အရေးများကိုကာကွယ်ရန်နှင့် ကြီးမားသော လုပ်ပိုင်ခွင့် အာဏာများမှ ၎င်းတို့ ၏ ရင်းနှီးမြှုပ်နှံမှု သဘောတူ ညီချက်စည်းကမ်းချက်များနှင့် အညီလိုက်လျောညီထွေဖြစ် စေမည့် မြေယာအုပ်ချုပ်ရေးစနစ်၏ တိုးတက် မှုသည် အဓိကကျသည်။ |
Resource's languages |
|