Skip to content

Additional Information

Field Value
Last updated 2018၊ 13 ဇွန်
Created 2018၊ 13 ဇွန်
ပုံစံ PDF
လိုင်စင် Creative Commons Attribution
အမည် မြန်မာနိုင်ငံနှင့်သဘာဝသယံဇာတပဋိညာဉ်စာတမ်း- သယံဇာတထုတ်ယူရေးလုပ်ငန်းအတွက်ဦးစားပေးဖြေရှင်းရမည့်ပြသနာ၂၈ခု
ဖော်ပြချက်

မြန်မာနိုင်ငံ EITIလုပ်ငန်းစဉ်သည် သယံဇာတတူးဖော်ရေးလုပ်ငန်းများနှင့်နိုင်ငံအတွင်းရှိသက်ရောက်မှုများအကြောင်း ဆွေးနွေးရန်အတွက် ပထမဦးဆုံး ပါဝင်သူအများအပြားပါဝင်သည့်ဖိုရမ်ဖြစ်သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအရင်းအမြစ်ဌာန(MDRI) တို့၏ညိှိနှိုင်းမှုအရ အစိုးရ၊ အရပ်ဖက်အဖွဲ့အစည်းနှင့်ပုဂ္ဂလိက ကဏ္ဍတို့အကြားထိတွေ့ဆက်ဆံမှုစတင်ခဲ့သည်။ သို့ရာတွင် များစွာသောကိစ္စရပ်များ၌ ဤဆွေးနွေးမှုများသည် နည်းပညာပိုင်းဆိုင်ရာ ရှုပ်ထွေးမှုကြောင့်အချိန်ကုန်ခံပြီး မတူညီသောသက်ဆိုင်သည့် အဖွဲ့အစည်းများ အကြား နှစ်ပေါင်းများစွာယုံကြည်မှုမရှိခြင်းအပေါ်တည်ဆောက်ထားခြင်း ကြောင့်ဖြစ်သည်။ဤကြိုးပမ်းမှုများကိုဖြည့်ဆည်းရန် ဤအစီရင်ခံစာသည်သယံဇာတတူးဖော်ရေးလုပ်ငန်းများနှင့် သက်ဆိုင်သည့်လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျစရိတ်များကိုထည့်သွင်းစဉ်းစားခြင်းအပါအဝင်မြန်မာ နိုင်ငံ၏သယံဇာတအရင်းအမြစ်များကို သိသာထင်ရှား သည့် အရင်းအမြစ်များအဖြစ် အသွင်ပြောင်းရာတွင်ကြုံတွေ့ရသော စိန်ခေါ်မှုများနှင့်ပတ်သက်၍ ဘုံနားလည်မှုကို တည်ဆောက်ရန်အတွက် စုစည်းထားသောဖွဲ့စည်းပုံကိုတည်ဆောက်ရန်ရည်ရွယ်သည်။ သက်ဆိုင်သူများ၏ ညိှနှိုင်းဆွေးနွေး မှုများ နှင့် လွတ်လပ်သော သုတေသနပြုမှုများအပေါ် အခြေခံ၍အစီရင်ခံစာသည် ရှေ့ဆက် သွားမည့်မူဝါဒ အပြောင်းအလဲအတွက်မျှဝေထားသည့် ဦးစားပေးမှုများနှင့် အခွင့်အလမ်းများကိုဖော်ထုတ်သည်။

Resource's languages