မြန်မာနိုင်ငံသယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ကနဦးခြေလှမ်းများအစီအစဉ် (MEITI) ၏ (၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ်ဆိုင်ရာ) ပဉ္စမမြောက်အစီရင်ခံစာ နောက်ဆက်တွဲအဖြစ် မြို့နယ် အလိုက် ကျောက်မျက်နှင့် ကျောက်စိမ်းသထ္ထုတွင်းလုပ်ကွက် လုပ်ငန်းခွင့်ပြုမိန့်လိုင်စင် စုစုပေါင်းအရေ အတွက်ကိုထည့်သွင်းဖော်ပြခဲ့ပါသည်။
အဆိုပါအချက်အလက်များသည် (၂၀၁၇-၂၀၁၈) ဘဏ္ဏာရေးနှစ်အတွင်း မြန်မာနိုင်ငံတွင်လုပ်ငန်း လည်ပတ်လုပ်ကိုင်လျက်ရှိသည့် ကျောက်မျက်နှင့်ကျောက်စိမ်း သထ္ထုတွင်းလုပ်ကွက် လုပ်ငန်းခွင့်ပြုမိန့် လိုင်စင်စုစုပေါင်းအရေအတွက်ဆိုင်ရာ (MEITI) ၏ ပဉ္စမမြောက်အစီရင်ခံစာ ဖော်ထုတ်တင်ပြထားချက် များအပေါ်တွင် အခြေပြုထားခြင်းဖြစ်ပါသည်။
အဆိုပါအချက်အလက်အစုတွင် (Excel Files) များဖြင့်ဖော်ပြထားသော မူရင်းအချက်အလက်များနှင့် ပြင်ဆင်၊ တည်းဖြတ်၊ ဖြည့်စွက်ထားသော အချက်အလက်များပါဝင်ပါသည်။ (MEITI) ၏ ပဉ္စမမြောက် အစီရင်ခံစာတွင် ကျောက်မျက်နှင့် ကျောက်စိမ်းလိုင်စင်လုပ်ကွက်များ၏ တည်နေရာကိုဩဒိနိတ် အမှတ် များပါဝင်ခြင်းမရှိသောကြောင့် (One Map Myanmar) အနေဖြင့် လိုင်စင်လုပ်ကွက်တစ်ခုချင်းစီ၏ မြေပြင်တည်နေရာ အချက်အလက်များကို ဖော်ထုတ်တွက်ချက်နိုင်ခြင်းမရှိခဲ့ပါ။ ဤအချက်အလက်များ သည် ကျောက်မျက်နှင့်ကျောက်စိမ်းသထ္ထုတွင်းနယ်မြေများကို သက်ဆိုင်ရာမြို့နယ်များအလိုက် အနှစ် ချုပ်ဖော်ပြထားခြင်းဖြစ်ပါသည်။
အဆိုပါ ကျောက်မျက်နှင့်ကျောက်စီမ်း လုပ်ကွက်လိုင်စင်ဆိုင်ရာ အချက်အလက်များသည် အောက်ပါ လင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်သည့် (MEITI) အစီရင်ခံစာ “လုပ်ငန်းခွင့်ပြုမိန့်လိုင်စင်ဆိုင်ရာ သတင်း အချက်အလက်များ” အပေါ်တွင် အခြေပြုဖော်ပြထားခြင်းဖြစ်ပါသည်။(One Map Myanmar) မှ သတင်းအချက်အလက် လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် သက်ဆိုင်ရာအနှစ်ချုပ်အကြောင်းအရာများ၊ သွင်ပြင်လက္ခဏာများကို လိုအပ်ချက်များနှင့်အညီ ထပ်မံထည့်သွင်းဖြည့်ဆည်းထားပါသည်။
(http://www.myanmareiti.org/files/uploads/license_information2017-2018.xlsx)
ဤအချက်အလက်အစုတွင် အသုံးပြုထားသည့် မြို့နယ်နယ်နမိတ်များသည် (One Map Myanmar) မှ (ထုတ်ပြန်ကြေညာခြင်း မပြုရသေးသည့် ၂၀၂၀ အောက်တိုဘာ ၂၀ မူအရ) ရွေးချယ်၊ စုစည်း၊ တင်ပြ ထားသည့် မြို့နယ်အုပ်ချုပ်ရေးအာဏာစက်နယ်နမိတ်ပြင်ပတွင်ရှိ တည်နေရာ ကိုဩဒိနိတ်အမှတ်များကို အခြေပြုဖော်ပြထားခြင်းဖြစ်သောကြောင့် သတင်းအချက်အလက်တိကျသေချာမှုအပေါ် အာမခံချက် တစ်စုံတစ်ရာမပေးနိုင်ပါ။ ထို့အပြင် ဤအကြောင်းအရာများသည် သတင်းအချက်အလက်မျှဝေရန်မှလွဲ၍
နယ်နမိတ်ပိုင်းခြားသတ်မှတ်ခြင်း လုပ်ငန်းစဉ်များအတွက် တစ်စုံတစ်ရာရည်ရွယ်ထားခြင်းမရှိပါ။
မူရင်း (Metadata) များ (အချက်အလက်ဆိုင်ရာအခြေခံအကြောင်းရင်းများ/ လိုအပ်ချက်များ)ကို အင်္ဂလိပ်ဘာသာဖြင့်ပြုစုထားပြီး ပွင့်လင်းမြန်မာ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (ODM) မှ မြန်မာဘာသာ သို့ ပြန်ဆိုထားပါသည်။
အဆိုပါ မူရင်း (အင်္ဂလိပ်) နှင့် ဘာသာပြန် (မြန်မာ) အချက်အလက် (Metadata) များကို (Excel Files) ဖြင့်ပြုစုထား၍ (Zipped Shape File) အဖြစ်ပူးတွဲဖော်ပြထားပါသည်။