မြန်မာနိုင်ငံ ပုလဲမွေးမြူထုတ်လုပ်ရေး လိုင်စင်လုပ်ကွက်များ ၏ တည်နေရာ (ကိုဩဒိနိတ်အမှတ်) ဆိုင်ရာ အချက်အလက်များသည် မြန်မာနိုင်ငံသယံဇာတလုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး ကနဦး ခြေလှမ်းများအစီအစဉ် (MEITI) (၂၀၁၇-၂၀၁၈ ဘဏ္ဏာရေးနှစ်ဆိုင်ရာ) ပဉ္စမမြောက်အစီရင်ခံစာ နောက်ဆက်တွဲအပေါ်တွင် အခြေပြုထားခြင်းဖြစ်၍ အောက်ပါလင့်တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အဆိုပါလင့်တွင် (MEITI) ပဉ္စမမြောက်အစီရင်ခံစာပါ ပုလဲမွေးမြူထုတ်လုပ်ရေး လိုင်စင်လုပ်ကွက်နယ်မြေ ဧရိယာအားလုံးကိုဖော်ပြထားခြင်းဖြစ်ပါသည်။ (http://www.myanmareiti.org/files/uploads/license_information2017-2018.xlsx)
အဆိုပါအချက်အလက်အစုတွင် မြန်မာနိုင်ငံပုလဲမွေးမြူထုတ်လုပ်ရေး လိုင်စင်လုပ်ကွက်များနှင့် ပတ်သက်သည့်အချက်အလက်များ၊ နယ်နမိတ်သတ်မှတ်ချက်များ၊ တည်နေရာ ကိုဩဒိနိတ်အမှတ်များ စသည်တို့ကို မူရင်းဖိုင်များနှင့် စိစစ်၊ တည်းဖြတ်၊ ပြင်ဆင်၊ ဖြည့်စွက်ထားသည့် ဖိုင်များအဖြစ် ဖော်ပြ ထားခြင်းဖြစ်ပါသည်။ ပုလဲမွေးမြူထုတ်လုပ်ရေးလိုင်စင်လုပ်ကွက်များ၏ တည်နေရာပြ ကိုဩဒိနိတ် အမှတ်များသည် ကန်ထရိုက်စာချုပ်များတွင် အမှန်တကယ် ဖော်ပြထားသည့် နယ်နမိတ်သတ်မှတ်ချက် များမဟုတ်မူ၍ ကိုဩဒိနိတ်အမှတ် (၄) ခုဖြင့် ဘောင်ခတ်သတ်မှတ်ထားသည့် (Bounding Box) နယ်နမိတ်တစ်ခုမျှသာဖြစ်ပါသည်။ ထို့ကြောင့် ဤအချက်အလက်အစုသည် ပုလဲမွေးမြူထုတ်လုပ်ရေး လိုင်စင်လုပ်ကွက်များ၏အမှန်တကယ် တည်နေရာ၊ နယ်နမိတ်များကို အနီးစပ်ဆုံး ခန့်မှန်းတွက်ချက် ထားသည့် ကိုဩဒိနိတ်အမှတ်၊ အချက်အလက်အစု တစ်ခုမျှသာဖြစ်ပါသည်။
အဆိုပါအချက်အလက်အစုတွင် မူရင်းအချက်အလက်များနှင့် ပြင်ဆင်၊ တည်းဖြတ်၊ ဖြည့်စွက်ထားသော အချက်အလက်များပါဝင်ပါသည်။ သက်ဆိုင်ရာအနှစ်ချုပ်အကြောင်းအရာများ၊ သွင်ပြင်လက္ခဏာများကို (One Map Myanmar) မှ သတင်းအချက်အလက် လုပ်ငန်းစဉ်များပြင်ဆင်ဆောင်ရွက်ရာတွင် လိုအပ် ချက်များနှင့်အညီ ထပ်မံထည့်သွင်းဖြည့်ဆည်းထားပါသည်။ ပုလဲမွေးမြူထုတ်လုပ်ရေး လိုင်စင် လုပ်ကွက် များနှင့်ပတ်သက်သည့် အသေးစိတ် အကြောင်းအရာ၊ အချက်အလက်များကို ပူးတွဲဖော်ပြထားသည့် Metadata Excel Files (အချက်အလက် ဆိုင်ရာအခြေခံအကြောင်းရင်းများ/ လိုအပ်ချက်များ) များတွင် ဝင်ရောက်ကြည့်ရှု လေ့လာ နိုင်ပါသည်။
မူရင်း (Metadata) များ (အချက်အလက်ဆိုင်ရာအခြေခံအကြောင်းရင်းများ/ လိုအပ်ချက်များ)ကို အင်္ဂလိပ်ဘာသာဖြင့်ပြုစုထားပြီး ပွင့်လင်းမြန်မာ ဖွံ့ဖြိုးတိုးတက်မှု အဖွဲ့အစည်း (ODM) မှ မြန်မာဘာသာ သို့ ပြန်ဆိုထားပါသည်။ အဆိုပါ မူရင်း (အင်္ဂလိပ်) နှင့် ဘာသာပြန် (မြန်မာ) အချက်အလက် (Metadata) များကို (Excel Files) ဖြင့်ပြုစုထား၍ (Zipped Shape File) အဖြစ်ပူးတွဲဖော်ပြထားပါသည်။