- 
                
        
  
မြန်မာနိုင်ငံ၏ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိပြည်သူ့ဘဏ္ဍာကဏ္ဍ
ယခုသုတေသနစာတမ်းသည် မြန်မာနိုင်ငံ၏ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကဏ္ဍနှင့်ဆက်စပ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၏ အခန်းကဏ္ဍကို ပိုမိုနားလည်သဘောပေါက်စေရန်ရည်ရွယ်၍ ဤသုတေသနကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုသုတေသနသည် ဆောင်ရွက်ခဲ့ပြီးသောသုတေသနတွေ့ရှိချက်များကို အသုံးချကာ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘဏ္ဍာရေးကဏ္ဍ ဖွဲ့စည်းဆောင်ရွက်ပုံ ကိုပိုမိုနားလည် သဘောပေါက်စေရန် လက်ရှိဘဏ္ဍာရေးကဏ္ဍ ဗဟိုချုပ်ကိုင်မှုဖြစ်စဉ် တွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအစိုးရများသည် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်ဝတ္တရာများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် လိုအပ်သောရန်ပုံငွေအရင်းအမြစ်များရှိ၊မရှိ သိရှိနိုင်စေရန်ရည်ရွယ်ဆောင်ရွက် ခဲ့သည်။ ထိုမေးခွန်းများကိုဖြေဆိုနိုင်ရန်အတွက် ရှုပ်ထွေးနက်နဲပြီး အမျိုးမျိုးကွဲပြားသော အကြောင်းအရင်းများကို လေ့လာသိရှိရန် အရေအတွက် အခြေပြုနှင့်အရည်အသွေး၊တန်ဖိုးအခြေပြု သုတေသနနည်းလမ်းများကို အသုံးချ ခဲ့သည်။ သက်ဆိုင်ရာတာဝန်ရှိသူများကိုမေးခွန်းအချို့ကြိုတင်သတ်မှတ်ထားသော (semi-structure) အင်တာဗျူး များပြုလုပ်ခြင်း၊ သက်ဆိုင်ရာကဏ္ဍမှ ပညာရှင်များနှင့် တိုင်ပင်နှီးနှောခြင်း၊ ပုံနှိပ်ထုတ်ဝေထားသော ဘတ်ဂျက်နှင့် လူမှုစီးပွားအချက်အလက်များကို လေ့လာသုံးသပ်ခြင်း စသည်တို့ကိုလည်းဆောင်ရွက်ခဲ့သည်။
 
Additional Information
| Field | Value | 
|---|---|
| Last updated | 2016၊ 19 အောက်တိုဘာ | 
| Created | 2016၊ 19 အောက်တိုဘာ | 
| ပုံစံ | |
| လိုင်စင် | Creative Commons Attribution | 
| အမည် | မြန်မာနိုင်ငံ၏ပြည်နယ်နှင့်တိုင်းဒေသကြီးများရှိပြည်သူ့ဘဏ္ဍာကဏ္ဍ | 
| ဖော်ပြချက် | 
	 ယခုသုတေသနစာတမ်းသည် မြန်မာနိုင်ငံ၏ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကဏ္ဍနှင့်ဆက်စပ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရများ၏ အခန်းကဏ္ဍကို ပိုမိုနားလည်သဘောပေါက်စေရန်ရည်ရွယ်၍ ဤသုတေသနကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ယခုသုတေသနသည် ဆောင်ရွက်ခဲ့ပြီးသောသုတေသနတွေ့ရှိချက်များကို အသုံးချကာ ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် ဘဏ္ဍာရေးကဏ္ဍ ဖွဲ့စည်းဆောင်ရွက်ပုံ ကိုပိုမိုနားလည် သဘောပေါက်စေရန် လက်ရှိဘဏ္ဍာရေးကဏ္ဍ ဗဟိုချုပ်ကိုင်မှုဖြစ်စဉ် တွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအစိုးရများသည် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တာဝန်ဝတ္တရာများကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် လိုအပ်သောရန်ပုံငွေအရင်းအမြစ်များရှိ၊မရှိ သိရှိနိုင်စေရန်ရည်ရွယ်ဆောင်ရွက် ခဲ့သည်။ ထိုမေးခွန်းများကိုဖြေဆိုနိုင်ရန်အတွက် ရှုပ်ထွေးနက်နဲပြီး အမျိုးမျိုးကွဲပြားသော အကြောင်းအရင်းများကို လေ့လာသိရှိရန် အရေအတွက် အခြေပြုနှင့်အရည်အသွေး၊တန်ဖိုးအခြေပြု သုတေသနနည်းလမ်းများကို အသုံးချ ခဲ့သည်။ သက်ဆိုင်ရာတာဝန်ရှိသူများကိုမေးခွန်းအချို့ကြိုတင်သတ်မှတ်ထားသော (semi-structure) အင်တာဗျူး များပြုလုပ်ခြင်း၊ သက်ဆိုင်ရာကဏ္ဍမှ ပညာရှင်များနှင့် တိုင်ပင်နှီးနှောခြင်း၊ ပုံနှိပ်ထုတ်ဝေထားသော ဘတ်ဂျက်နှင့် လူမှုစီးပွားအချက်အလက်များကို လေ့လာသုံးသပ်ခြင်း စသည်တို့ကိုလည်းဆောင်ရွက်ခဲ့သည်။  | 
              
| Resource's languages | 
  |