Skip to content

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုမြှင့်တင်ခြင်း အစီအစဉ် (၂၀၁၆/၁၇ - ၂၀၃၅/၃၆)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမြှင့်တင်ခြင်း အစီ အစဉ် (FDIPP) ကို (၂၀၁၄) တွင် သတ်မှတ်ဖော်ထုတ်ခဲ့ပါသည်။ မကြာသေးမီကာလများက နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမြှင့်တင်ခြင်း အစီအစဉ် (FDIPP) ကို အောက်ဖော်ပြပါလိုအပ်ချက်များနှင့် ယှဉ်တွဲ ၍ စစ်ဆေးသုံးသပ်ခဲ့ပါသည်။

(၂၀၁၆) ခုနှစ်တွင်ထုတ်ပြန်ကြေညာခဲ့သည့် ရင်းနှီးမြုပ်နှံမှုမူဝါဒ၊ နှင့် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေနှင့် အထူးစီးပွါးရေးဇုန်ဥပဒေအောက်ရှိ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုစနစ်အသစ်တို့နှင့် ကိုက်ညီမှုအခြေအနေ

မြန်မာနိုင်ငံ၏စီးပွါးရေးလုပ်ငန်းရပ်ဝန်း ထပ်မံဖွံ့ဖြိုးတိုးတက်မှု အခြေအနေ

ပြည်တွင်းနှင့်နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကဏ္ဏနှစ်ရပ်လုံးကို မြှင့်တင်နိုင်သည့်အခြေအနေ

(၂၀၁၆) ရင်းနှီးမြုပ်နှံမှုမူဝါဒနှင့်အညီ တာဝန်ယူမှု ၊ တာဝန်ခံမှုနှင့်အရည်အသွေးရှိသော ရင်းနှီးမြုပ်နှံမှု အခြေအနေ

မြန်မာနိုင်ငံအတွင်းသို့ မကြာသေးမီကာလများအတွင်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများမြင့်တက်လာခြင်း အပေါ် တုန့်ပြန်ဖြည့်ဆည်းနိုင်မှုအခြေအနေ

ရင်းနှီးမြုပ်နှံမှုမြင့်တက်စေရန် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ်များ ထပ်မံအဆိုပြုချမှတ်နိုင်မှု အခြေအနေ

အဆိုပါအချက်များအပေါ်အခြေခံ၍ သုံးသပ်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ကဏ္ဏပေါင်းစုံပါဝင်သော အမျိုးသားဖွံ့ဖြိုးတိုးတက်မှုအစီအစဉ် (၂၀၁၁ - ၂၀၃၀) ၊ နှင့် (၂၀၁၆) ရင်းနှီးမြုပ်နှံမှုမူဝါဒတို့နှင့် တစ်ပြေးညီ ဖြစ်စေရန်အတွက် ပြည်တွင်းရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေး အစီအစဉ်နှင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအစီအစဉ် တို့ကို အစီအစဉ်တစ်ရပ်တည်းအဖြစ်ပေါင်းစည်းကာ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုမြှင့်တင်ခြင်း အစီအစဉ် (FDIPP) ကို ပြင်ဆင်ဖြည့်စွက်၍ မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေးအစီအစဉ် (MIPP) ဟု အမည်ပြောင်းလဲခေါ်ဆိုခဲ့ပါသည်။

Data Resources (1)

Data Resource Preview - မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုမြှင့်တင်ခြင်း အစီအစဉ် (၂၀၁၆/၁၇ - ၂၀၃၅/၃၆)

Additional Info

Field Value
ပထဝီဧရိယာ (spatial range)
  • မြန်မာ
ထုတ်ပေးသောအေဂျင်စီ/အဖွဲ့အစည်းများ
  • ပြည်ထောင်စုမြန်မာနိုင်ငံ
ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
စာရွက်စာတမ်း၏ တရားဝင်အမျိုးအစား အခြား
ခေါင်းစဉ်ကွဲ/ခေါင်းစဉ်တို MIPP
ခေါင်းစဉ်များ Investment policy and regulations
ခွင့်ပြုချက်

No license given

မူပိုင်ခွင့် No
အခြေအနေ ကျင့်သုံး, အတည်ပြု, အကျိုးသက်ရောက်မှုရှိ
အသုံးပြုသည့်ရက်စွဲ/ ပြဌာန်း/ တရားဝင်ကြေညာသည့်ရက်စွဲ/ လက်မှတ်ရေးထိုးသည့်ရက်စွဲ 2018၊ 18 အောက်တိုဘာ
အသက်ဝင်/ အရေးယူဆောင်ရွက်သည့် ရက်စွဲ 2016၊ 1 ဇန်နဝါရီ
ပြောင်းလဲမှု၏ မှတ်စုတိုများ

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု မြှင့်တင်ရေးအစီအစဉ် ဖြည့်စွက်ပြင်ဆင်မှုများနှင့် အစားထိုးမှုများ

ထုတ်ဝေမှုအတွက် ရည်ညွှန်းချက် n/a
အရင်းမြစ်နှင့်ချိတ်ဆက်ခြင်း https://www.dica.gov.mm/sites/dica.gov.mm/files/news-files/mipp_english_version_with_cover_pages.pdf
အဓိကစကားလုံးများ dica
တင်ခဲ့သည့်ရက်စွဲ ဖေဖော်ဝါရီ 12, 2020, 07:50 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 19, 2021, 17:34 (UTC)