မြန်မာနိုင်ငံ၏သစ်တောများတွင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကိုစီးပွားဖြစ်တိုးချဲ့ခြင်းနှင့်ပတ်သက်သည့်အရေအတွက်နှင့်အရည် အသွေးဆိုင်ရာအချက်အလက်များအားဤအစီရင်ခံစာတွင်စုစည်းဖော်ပြထားပြီးဤကဲ့သို့တိုးချဲ့ဆောင်ရွက်ရာတွင်ဉပဒေများ ၊ မူဝါဒများနှင့်သစ်ထုတ်လုပ်ရောင်းချမှုမှ ရရှိသောဝင်ငွေများကမည်သို့မည်ပုံတွန်းအားပေးနိုင်မည်ကိုလည်းခွဲခြမ်းစိတ်ဖြာပြထားပါသည်။
အစီရင်ခံစာအရအစိုးရမှအကြီးစားစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများလုပ်ကိုင်ရန်ခွင့်ပြုပေးထားသောဒေသများအနက်တနင်္သာရီနှင့်ကချင်ပြည်နယ်တို့တွင်ကာဗွန်ကြွယ်ဝဓာတ်ကြွယ်ဝပြီး ဇီ၀မျိုးကွဲများပြားသည့်သစ်တောများတည်ရှိနေသည့်အပြင် တိုင်းရင်းသားများအများဆုံးစုစည်းနေထိုင်လျှက်ရှိပြီးမြန်မာနိုင်ငံ၏ အပြင်းထန်ဆုံး လက်နက်ကိုင် ပဋိပက္ခ များဖြစ်ပွါးလျှက်ရှိသောနေရာဒေသများလည်းဖြစ်ပါသည်။
သို့ရာတွင်ခွင့်ပြုပေးထားသောမြေယာလုပ်ပိုင်ခွင့်များကိုအသုံးပြု၍ တန်ဘိုးမြင့် ပြည်ပစျေးကွက်ပို့ကုန်သစ်များကိုထုတ်လုပ်ရာတွင်မူအဆိုပါဒေသနှစ်ခုအကြားကွာခြားမှုများရှိသည်ဟုစာရေးသူကအခိုင်အမာထောက်ပြပြောဆိုထားပါသည်။