Skip to content

အင်းလေးကန်-ရေရှည်ပြန်လည်ထူထောင်ရေးနှင့်ထိန်းသိမ်းရေးအစီအစဉ်

ရပ်ရွာလူထုသည် ၎င်းအား အကောင်အထည်ဖော်မှုတွင် အကျွင်းမဲ့ပါဝင်ရေးအတွက် ဆုံးဖြတ်ချက်ချရာနှင့် ပြဌာန်းချက်ချရာတို့တွင် ပိုင်ရှင်များအနေဖြင့်တာဝန်ခံပိုင်ခွင့် အာဏာမရှိပါက ရပ်ရွာလူထုပါဝင်သောစီမံကိန်း သို့မဟုတ် စီမံကိန်းများဆောင်ရွက်ရာတွင် အောင်မြင်မည် မဟုတ်ကြောင်း သဘောပေါက်နားလည်မှုဖြင့် စီမံကိန်းကို အားအရင်းအမြစ်များကိုစီမံနိုင်ရန် အတွက် “ရပ်ရွာလူထုအခြေပြုနည်းလမ်း” တစ်ခုကိုချမှတ်ထားခြင်းဖြစ်သည်။ ဤနည်းလမ်းကိုအောက်ပါလုပ် ဆောင်ချက်များကိုထည့်သွင်းစဉ်းစား၍ချမှတ်ခဲ့ခြင်းဖြစ်သည်။ - အင်းလေးကန်နှင့်၎င်း၏ရေဝေရေလဲဧရိယာများထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်ရေရှည်ဖွံ့ဖြိုး တိုးတက်မှုအတွက် ရေပေးသောနည်းလမ်းကိုချမှတ်ခြင်း။
- ဖွံဖြိုးတိုးတက်မှု စီမံကိန်းတွင် ဇီဝမျိုးကွဲများထိန်းသိမ်းစောင့်ရှောက်ရေးကို ဦးစားပေးထည့်သွင်း စဉ်းစားပေးခြင်းဖြင့် ဂေဟစနစ်နှင့်မျိုးစိတ်များအပေါ် ထိခိုက်မှုလျော့ပါးစေရန်။ - အင်းလေးကန်နှင့်၎င်း၏ရေဝေရေလဲဧရိယာများအတွင်းဒေသခံများပြောင်းရွှေရန်အတွက်ပြည်သူလူထု၏ပူးပေါင်းပါဝင်မှုနည်းလမ်းများဖြင့် ရေရှည်ပြန်လည်ထူထောင်ရေးနှင့်ထိန်းသိန်းရေးစီမံကိန်း ကို အကောင်အထည်ဖော်ရန်အတွက် ပိုင်ရှင်များမှတာဝန်ယူဆောင်ရွက်ရန်။ စီမံကိန်းအကောင်အထည် ဖော်မှုနှင့်ပတ်သက်သည့်ဆောင်ရွက်ချက်များအားလုံးတွင် တက်ကြွစွာဖြင့် စိတ်ဝင်တစား ဦးဆောင်ပါဝင်ကြရန်။ - လစ်လျူရှုမှု၏ရလဒ်အဖြစ်ကုသမှုအစီအမံများ ဖြစ်သည့် ပေါ်ပေါက်လာသော အကျပ်အတည်း ခြေအနေများကို ဖြေရှင်းခြင်း၏ တုန့်ပြန်မှုရလဒ်အဖြစ်ယူဆခြင်းထက် အရင်းအမြစ်များကို စီမံခန့်ခွဲစဉ် ပြသနာများအားဖြေရှင်းရန်တက်ကြွသောအစီအမံများ ချမှတ်ခြင်း၊ - လက်တွေ့အသုံးကျ၍ကုန်ကျစရိတ်နည်းသော ရေဝေရေလဲစီမံခန့်ခွဲမှုနှင့် ဇီဝမျိုးကွဲများအား ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် မျိုးရင်းဗဟုသုတနှင့်ရိုးရာဓလေ့ထုံးစံများအားပြန်လည်ဖော်ထုတ်၍ ပူးပေါင်းဆောင်ရွက်ခြင်း။ - သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုများမှတစ်ဆင့် ဗဟုသုတကိုအခြေခံသည့် နည်းပညာများကို အသုံးပြုခြင်း၊ - ပုံမှန်ဆောင်ရွက်မှုအပေါ် ထိရောက်စွာစောင့်ကြည့်ခြင်းနှင့်အကဲဖြတ်ခြင်း။ - ကျွမ်းကျင်မှုရည်ရွယ်ချက်နှင့်အားပေးလှုံ့ဆော်မှုများနှင့် စတင်ဆောင်ရွက်ပေးမည့် ခိုင်မာ၍ စွမ်းရည်ရှိသော အဖွဲ့အစည်းဆိုင်ရာမူဘောင်ကိုချမှတ်ခြင်း။

Data Resources (1)

Data Resource Preview - ရေရှည်ပြန်လည်ထူထောင်ရေးနှင့်ထိန်းသိမ်းရေးအစီအစဉ်

Additional Info

Field Value
စာတမ်းအမျိုးအစား Analysis, discussion papers, and blogs
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • Environment and natural resources policy and administration
  • Environmental impact assessments
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် Yes
ပြင်ဆင်ချက် 1
ခွင့်ပြုချက် Creative Commons Attribution
ဆက်သွယ်ရန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောဝန်ကြီးဌာန

စာမျက်နှာခွဲ 138
တင်ခဲ့သည့်ရက်စွဲ မတ် 30, 2017, 06:11 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဇန်နဝါရီ 1, 2020, 09:30 (UTC)