Skip to content

မြန်မာနိုင်ငံ - ဆန်စပါး ပြည်ပပို့ကုန် လုပ်ငန်းမှ အကျိုးအမြတ် အခွင့်အလမ်း ရယူနိုင်ရန် အားထုတ်ခြင်း

ဤအစီရင်ခံစာတွင် မြန်မာနိုင်ငံ ဆန်စပါးပြည်ပ ပို့ကုန်လုပ်ငန်းမှ အကျိုးအမြတ် အခွင့်အလမ်း ရယူ နိုင်ရန် အားထုတ်ခြင်း အကြောင်းအချက်များကို တင်ပြထားပါသည်။ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် အစိုးရအနေဖြင့် လယ်ယာထွက်တိုးမြှင့်ရေးနှင့် ပြည်ပပို့လုပ်ငန်း အားပေးမြှင့်တင်ရေးသည် ထိပ်တန်းဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်ကြောင်း ဤ အစီရင်ခံစာက မီးမောင်းထိုး ဖော်ပြထားပါသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးလုပ်ငန်းကို အားသစ်လောင်းဆောင်ရွက်ရာတွင် ဆန်စပါး သည် အဓိကဗဟိုချက်မှ ပါဝင်နေခြင်းကြောင့် အထူးသဖြင့် ဆန်စပါး ပြည်ပပို့ကုန်လုပ်ငန်းသည် အလွန်အရေးပါသည့် ကဏ္ဏ မှ ပါဝင်နေပါသည်။ မြန်မာအစိုးရအနေဖြင့် (၂၀၁၄/၂၀၁၅) ဘဏ္ဏာရေးနှစ် တွင် ဆန်စပါး မက်ထရစ်တန်ချိန်ပေါင်း (၂) သန်းနှင့် (၂၀၁၉/၂၀၂၀) ဘဏ္ဏာရေး နှစ်မတိုင်မီ(၄) သန်း အထိ ပြည်ပသို့ တင်ပို့ရန် လျာထားသည့် ၎င်း၏ ကြီးမားသော ရည်မှန်းချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ မကြာသေးမီကာလများအထိ အမှန်တကယ်ဆန်စပါးထုတ်လုပ်နိုင်စွမ်းအရ အဆိုပါ လျားထားချက်ကို ပြည့်မီနိုင်ရန် လိုအပ်သေးသော်လည်း မြန်မာနိုင်ငံ၏ ပွင့်လင်းလွတ်လပ်လာသော စီးပွါးရေးစနစ်က ဆန်စပါးပြည်ပတင်ပို့သည့်လုပ်ငန်းကို ကြီးမားသိသာစွာ ပံ့ပိုးကူညီလာခဲ့ပါသည်။ ဤအစီရင်ခံစာ၏ အခြားအစိတ်အပိုင်းများတွင် အောက်ဖော်ပြပါ အကြောင်းအရာတို့ပါဝင်ပါသည်။ အခန်း (၂) တွင် မြန်မာနိုင်ငံ၏ လတ်တလော ဆန်စပါးပြည်ပ တင်ပို့ကုန်လုပ်ငန်း ဖြစ်ထွန်းတိုးတက်မှု အကြောင်းအရာ၊ အချက်အလက်များကို ဖော်ပြထားပါသည်။ အခန်း (၃) တွင် ဆန်စပါးပြည်ပတင်ပို့ရာတွင် ဖြစ်ထွန်းပေါ်ပေါက်လာသည့် အခွင့်အလမ်းများကို အကောင်းဆုံးအသုံးချနိုင်ရန်နှင့် ရင်ဆိုင်ဖြတ်ကျော် ရမည့် စိန်ခေါ်မှု အခက်အခဲများကို တင်ပြထားပါသည်။ အခန်း (၄) တွင် ဆန်စပါးပြည်ပတင်ပို့သည့် လုပ်ငန်းစဉ် တန်ဖိုးကွင်းဆက် (Value Chain) အဆင့်ဆင့်တွင် တွေ့ကြုံရမည့် အကန့်အသတ်၊ အဟန့်အတားများနှင့် ၎င်းတို့ကို ပြင်ဆင်ကုစားနိုင်မည့် ဖြစ်နိုင်ဖွယ် နည်းလမ်းများကို ဖော်ပြထား ပါသည်။ အခန်း (၅) တွင် ဆန်စပါး ထွက်ကုန်၏ ကွင်းဆက်တန်ဖိုးကို ခေတ်နှင့်အညီ ပြင်ဆင် မွမ်းမံ နိုင်ရန်အတွက် ထိရောက်စွာပံ့ပိုးကူညီနိုင်မည့် ဆန်စပါးဆိုင်ရာ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းများ ဖြစ်ထွန်း ပေါ်ပေါက် လာစေရေးကို ဆွေးနွေးတင်ပြထားပါသည်။ အခန်း (၆) တွင် မူဝါဒဆိုင်ရာ အကြံပြုချက်များ ကိုနိဂုံးချုပ်ဖော်ပြထားပါသည်။ အခန်း (၇) တွင် အသေးစိတ် အချက်အလက်၊ အကြောင်းအရာများကို နောက်ဆက်တွဲအဖြစ် ဖော်ပြထားပါသည်။

Data Resources (1)

Data Resource Preview - မြန်မာနိုင်ငံ - ဆန်စပါး ပြည်ပပို့ကုန် လုပ်ငန်းမှ အကျိုးအမြတ် အခွင့်အလမ်း ရယူနိုင်ရန် အားထုတ်ခြင်း

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • Exports
  • Rice
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် Yes
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

ဤ အစီရင်ခံစာသည် မူပိုင်ခွင့်နှင့်အညီ ထုတ်ပြန်ကြေညာထားခြင်းဖြစ်ပါသည်။ ဤအစီရင်ခံစာ တစ်ခု လုံး (သို့မဟုတ်) အစိတ်အပိုင်းများ ကို တစ်ဆင့်ကူးယူခြင်း (သို့မဟုတ်) ထုတ်လွှင့်ခြင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ တောင်းခံမှုမရှိပြုလုပ်ခြင်းသည် သက်ဆိုင်ရာ တည်ဆဲဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ပါသည်။ ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နိုင်ငံတကာ ဘဏ်/ ကမ္ဘာ့ ဘဏ်သည် ပုံမှန်အားဖြင့် ဤ အစီရင်ခံစာပါ အကြောင်းအရာများကို ဖြန့်ချီခြင်း၊ ပြန်လည်ကူးယူ မူပွါးခြင်း ကိစ္စ ရပ်များကို ခွင့်ပြုပေးလေ့ရှိပါသည်။ ဤအစီရင်ခံစာပါ မည်သည့် အစိတ်အပိုင်းကိုမဆို မိတ္တူကူးယူခြင်း၊ ပြန်လည်ပုံနှိပ်ခြင်းတို့အတွက် ခွင့်ပြုချက်ရယူနိုင်ရန် အတွက် မူပိုင်ခွင့် ဌာနသို့ အကြောင်းအရာ၊ အချက်အလက် အပြည့်အစုံနှင့်တကွ အောက်ဖော်ပြပါ လိပ်စာအတိုင်းတောင်းခံချက် ပေးပို့နိုင်ပါသည်။ (လက်အောက်ခံ ဌာနခွဲများ၏ ရပိုင်ခွင့်များအပါအဝင်) လုပ်ငန်းခွင့်ပြုချက် လိုင်စင်နှင့် ရပိုင်ခွင့် ဆိုင်ရာအခြားသိလိုသည့် အကြောင်းအရာများကို အောက်ဖော်ပြ ရုံးသို့လိပ်မူ၍ မေးမြန်းစုံစမ်းနိုင်ပါသည်။ The World Bank, 1818 H Street NW, Washington, DC 20433, USA, fax 202-522-2422, e-mail pubrights@worldbank.org

ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် unspecified
ဆက်သွယ်ရန်

ကမ္ဘာ့ဘဏ် ၊ ဘန်ကောက် အထပ် (၃၀) ၊ Siam မျှော်စင် (၉၈၉) Rama ၁ လမ်း၊ Pathumwan ဘန်ကောက် (၁၀၃၃၀) ထိုင်းနိုင်ငံ တယ်လီဖုန်း- ၆၆၂ ၆၈၆ - ၈၃၀၀ ဖက်စ် - ၆၆၂ ၆၈၆ - ၈၃၀၁ အင်တာနက် - www.worldbank.org/th အီးမေးလ် - thailand@worldbank.org

ရေးသားသူ (အဖွဲ့) ကမ္ဘာ့ဘဏ်
ပူးတွဲရေးသားသူ (အဖွဲ့) အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာ လုံခြုံပြည့်စုံရေး ဘဏ္ဏာငွေ ထိန်းသိမ်းရေးအဖွဲ့အစည်း
ထုတ်ဝေသည့်နေရာ ထိုင်းနိုင်ငံ
ထုတ်ဝေသူ ကမ္ဘာ့ဘဏ်
ထုတ်ဝေသည့်ရက်စွဲ 2014
စာမျက်နှာခွဲ 88
တင်ခဲ့သည့်ရက်စွဲ ဇွန် 14, 2015, 15:17 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ မတ် 31, 2021, 14:23 (UTC)