Skip to content

ဖွံ့ဖြိုးတိုးတက်မှုအတွက် သမားရိုးကျမဟုတ်သော အခြားနည်းလမ်းလား (သို့မဟုတ်) ပုံမှန်လည်ပတ် ဆောင်ရွက်နေသောလုပ်ငန်းလား - မြန်မာနှင့်လာအိုနိုင်ငံတို့တွင် တရုတ်နိုင်ငံ၏ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးမူဝါဒ

တရုတ်နိုင်ငံတွင်တွေ့ရှိနေသည့် ဘိန်းနှင့်ဟီးရိုးအင်းစျေးကွက်၏ ထင်ရှားသည့်အစိတ်အပိုင်းသည် မြန်မာ နိုင်ငံမြောက်ပိုင်း၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့ ထိစပ်နေသည့်“ရွှေတြိဂံနယ်မြေ” (Golden Triangle) မှ မြစ်ဖျားခံပါသည်။ တရုတ်နိုင်ငံရှိမူးယစ်ဆေးသုံးစွဲသူအများအပြားထံသို့ အဆိုပါဒေသမှပံ့ပိုးပေးနေ သောကြောင့် လုံခြုဪရေးဆိုင်ရာခြိမ်းခြောက်မှုတစ်ရပ်အဖြစ် တရုတ်အာဏာပိုင်များက ရှုမြင်ထားကြ ပါသည်။ အဆိုပါခြိမ်းခြောက်မှုကိုတန်ပြန်သည့်အနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့်လာအိုနိုင်ငံတို့တွင် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးအစီအစဉ်များကို တရုတ်နိုင်ငံအစိုးရက စတင်အကောင်အထည်ဖော်ခဲ့ ပါသည်။ တရုတ်ကုမ္ပဏီများ၏ စိုက်ပျိုးမွေးမြူရေးကဏ္ဏရင်းနှီးမြုပ်နှံမှုများကို အားပေးမြှင့်တင်သည့် အဆိုပါ စီမံကိန်းများသည် မကြာသေးမီနှစ်များအတွင်း အလွန်သိသာစွာ တိုးတက်လာသည်ကို တွေ့မြင် ရပါသည်။ အဆိုပါစီမံကိန်းများတွင် ရာဘာစိုက်ခင်း အကြီးစားများ၊ ကြံ၊ လက်ဖက်နှင့် ပြောင်း ကဲ့သို့သော အခြားသီးနှံများလည်း ပါဝင်ပါသည်။ လုပ်ငန်းဆိုင်ရာသဘောတူစာချုပ်အများစုသည် ဒေသခံပြည်သူ များနှင့်ချုပ်ဆိုခြင်းထက် ပြည်နယ်နှင့် စစ်ဖက်အာဏာပိုင်များနှင့် သက်ဆိုင်ရာကုမ္ပဏီအကြား ချုပ်ဆို ခြင်းဖြစ်ပါသည်။ ရာဘာစိုက်ခင်းအကြီးစားများနှင့် အခြားတစ်သီးစားစိုက်ခင်းများကို အားပေးမြှင့်တင် ခြင်းဖြင့် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံတို့တွင် ဘိန်းစိုက်ပျိုးမှုလျော့ချရေးနှင့်ဒေသခံတို့အတွက် ရေရှည် တည်တံ့ခိုင်မြဲသော အခြားရွေးချယ်စရာအသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ပံ့ပိုးစီစဉ်ပေးနိုင်ရန် ဟူသည့် တရုတ်နိုင်ငံ၏ “ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေးအစီအစဉ်” ရည်မှန်းချက်များ မည်သည့်အတိုင်း အတာအထိ ရရှိအောင်မြင်နေပြီဟူသည့်အချက်ကို ဆက်လက်စောင့်ကြည့်သွားရပါမည်။

Data Resources (1)

Data Resource Preview - ဖွံ့ဖြိုးတိုးတက်မှုအတွက် သမားရိုးကျမဟုတ်သော အခြားနည်းလမ်းလား (သို့မဟုတ်) ပုံမှန်လည်ပတ် ဆောင်ရွက်နေသောလုပ်ငန်းလား - မြန်မာနှင့်လာအိုနိုင်ငံတို့တွင် တရုတ်နိုင်ငံ၏ ဘိန်းအစားထိုးသီးနှံ စိုက်ပျိုးရေးမူဝါဒ

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • Agriculture and fishing
  • Land
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် To be determined
ပြင်ဆင်ချက် 1.1
ခွင့်ပြုချက် unspecified
ရေးသားသူ (အဖွဲ့) နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း
ပူးတွဲရေးသားသူ (အဖွဲ့) နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း
ထုတ်ဝေသည့်ရက်စွဲ 2010
အဓိကစကားလုံးများ Customary Tenure,Drugs,Agribusiness,Loans,FDI,China,Opium Substitution,Indigenous Rights,Private Sector
တင်ခဲ့သည့်ရက်စွဲ ဇွန် 13, 2018, 14:35 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 14, 2021, 10:25 (UTC)