သစ်တောနှင့်သစ်တောကိုမှီခိုနေရသော ရပ်ရာလူထုသည် အခြေခံအဆောက်အအုံစီမံကိန်းများနှင့် စိုက်ပျိုးရေး ကုန်ကြမ်းများ ဝယ်လိုအားများလာခြင်းတို့ကြောင့် ဖိအားများများလာကြသည်။ ရာသီဥတုပြောင်လဲမှုကို လျှော့ချရန် အတွက် သစ်တောများ၏အရေးပါမှုကို အသိအမှတ်ပြုမှုများပြားလာသော်လည်း တစ်ဖက်မှလည်း မမျှော်လင့်ဘဲ ၎င်းတို့အား ကာဘွန်ထုတ်လွှတ်မှု ( REDD+ အစပျိုးမှု)အတွက် လျှော်ကြေးပေးရန် အတွက် ခြိမ်းခြောက်မှုအသစ်တစ်ခုကိုဖြစ်ပေါ်စေနိုင်သည်။ ၎င်းသည် သစ်တောနှင့်စိုက်ပျိုးရေးကဏ္ဍများတွင် လုပ်ကိုင်နေသည့် အလှုရှင်များအတွက် စိန်ခေါ်မှုအသစ်များပေါ်ပေါက်လာနိုင်သည်။ သို့သော် ငွေကြေးနှင့် ကျွမ်းကျင်မှုအရ အလှုရှင်အရင်းအမြစ်များသည် ဤအန္တရာယ်ကိုဖြေရှင်းရန်လုံလောက်ပါသလား။ ထို့အပြင် လူဒါန်းမှုအစီအစဉ် များသည် အန္တရာယ်များကို လျော့ချရန်လုံလောက်စွာညီညွတ်မှုရှိပါသလား။ ဤ အစီရင်ခံစာ သည် သစ်တောများနှင့် သစ်တောကိုမှီခိုနေရသည့်ပြည်သူများအား ထောက်ပံ့သော အစီအစဉ်များအတွက် အဓိကဥရောပအလှုရှင်များ၏မူဝါဒများကိုဆန်းစစ်ပြီး အနာဂတ်ဆောင်ရွက်ချက်များ အတွက် အကြံပြုချက် များကို ဖော်ပြထားသည်။