ဒီမိုကရေစီလိုလားသည့် လူထုလှုပ်ရှားမှုများ (၁၉၈၈) တွင်ပေါ်ပေါက်ခဲ့ပြီး စစ်အစိုးရအုပ်ချုပ်မှုကာလကို တွေ့ကြုံခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် (ဤနေရာမှစ၍ “မြန်မာ” ဟု ရည်ညွှန်း အသုံးပြုသွားပါမည်။ ) သည် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုများအတွက် အခြေခံဥပဒေသစ်ကို (၂၀၀၈) မေတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုဆန္ဒခံယူ အတည်ပြုခဲ့ပြီး(၂၀၁၀) နိုဝင်ဘာတွင် ကျင်းပ ခဲ့သည့် အထွေထွေရွေးကောက်ပွဲမှတစ်ဆင့်သမ္မတဦးသိန်းစိန်ဦးဆောင်သည့်အစိုးရသစ်တစ်ရပ်ပေါ်ထွက် လာခဲ့ပါသည်။ သမ္မတ၏ အားကောင်းသည့် ဦးဆောင်မှုအောက်တွင် အစိုးရသစ်သည် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်ကို တွန်းအားပေးနိုင်ရန်အတွက် ကဏ္ဏအသီးသီးတွင် ပြင်ဆင်မွမ်းမံမှုများ/ ပြောင်းလဲမှုများကို အစပျိုးခြင်း၊ အားပေးကူညီခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်၏ ဤကဲ့သို့ သော အားထုတ်ကြိုးပမ်းမှုများသည် နိုင်ငံတကာအကူအညီများနှင့် ရင်းနှီးမြုပ်နှံမှုများမြင့်တက်လာ စေရန်အတွက် ပံ့ပိုးဖြည့်ဆည်းနိုင်ပြီး နိုင်ငံ၏စီးပွါးရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ထူးခြားအံ့ဩဖွယ် ပြောင်းလဲမှုကို ဆောင်ကြဉ်းနိုင်ခဲ့ပါသည်။ ဤကဲ့သို့ကောင်းမွန်သည့် အခြေအနေတစ်ရပ်တွင် ဂျပန် အစိုး ရ သည်မြန်မာနိုင်ငံအပေါ်တွင် ၎င်း၏ယနေ့အချိန်အထိ ကျင့်သုံးနေသော စီးပွါးရေးပူးပေါင်းဆောင်ရွက် မှုစည်းမျဉ်းများ/ လမ်းညွှန်ချက်များကို ပြန်လှန်သုံးသပ်၍ အဆင့် (၃) ဆင့်ပါဝင်သည့် စီးပွါးရေး ပူးပေါင်း ဆောင်ရွက်မှု လမ်းကြောင်း အသစ်တစ်ရပ်ကို အစပျိုးကျင့်သုံးခဲ့ပါသည်။ ၎င်း အဆင့် (၃) ရပ်မှာ (၂၀၁၂) ဧပြီတွင် ကျင်းပပြုလုပ်ခဲ့သည့် အစိုးရအဖွဲ့ ညှိနှိုင်းဆွေးနွေးပွဲတွင် အကြံပြုခဲ့သည့်အတိုင်း ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် ပံ့ပိုးကူညီခြင်း (တိုင်းရင်းသား လူမျိုးစု များနှင့် ဆင်းရဲမွဲတေမှုဒဏ်ခံစားနေရသော လူတန်းစားအလွှာများ၊ နှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ နယ်မြေဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီခြင်းအပါအဝင်)၊ ရေရှည်တည်တံ့ခိုင်မြဲသည့် စီးပွါးရေးနှင့် လူမှုဝန်းကျင် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူသားရင်းမြစ်များ၏ စွမ်းရည်မြှင့်တင်မှု၊ အသင်း အဖွဲ့ပုံစံများကျစ်လစ်ခိုင်မာမှု စသည့် လုပ်ငန်းစဉ်များကို ပံ့ပိုးကူညီခြင်း ( ဒီမိုကရေစီ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ကို အားပေးမြှင့်တင်ခြင်း အပါအဝင်) ၊ ရေရှည်တည်တံ့ခိုင်မြဲသော စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှု အတွက် လိုအပ်သော အခြေခံအဆောက်အအုံများနှင့် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အားပေးကူညီခြင်း တို့ဖြစ်ပါသည်။ ရလာဒ်အနေဖြင့် ဂျပန်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ တရားဝင်ဖွံ့ဖြိုး တိုးတက်မှုအကူအညီ (ODA) ကိုပြန်လည် အစပြုသည့် အပြုသဘောဆောင်သောခြေလှမ်းတစ်ရပ်အဖြစ် ထူးခြားသိသာသည့် အပြောင်းအလဲကို လက်ရှိ နိုင်ငံရေး/ သံတမန်ရေးရပ်ဝန်းသို့ ဆောင်ကြဉ်း လာခဲ့ပြီ ဖြစ်ပါသည်။ ဤကဲ့သို့သော အလွန်ကြီးမားလှသည့် နိုင်ငံရေး/ လူမှုရေး အပြောင်းအလဲများကို ထည့်သွင်း စဉ်းစားလျက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ စိုက်ပျိုးမွေးမြူရေး ကဏ္ဏ ပူးပေါင်းဆောင်ရွက်မှုဦးတည်ရာနှင့် အနာဂတ်အလားအလာများအပေါ်တွင် သုံးသပ်မှုများပြုလုပ် ရန် လိုအပ်နေပါသည်။ အဆိုပါအကြောင်းအရာ၊ အခြေအနေနှင့် ဆက်စပ်၍ စိုက်ပျိုးမွေးမြူရေးကဏ္ဏ၊ အစဉ်ပြောင်းလဲနေသည့် လယ်ယာထွက်ကုန်ကဏ္ဏနှင့် လယ်ယာထွက်ကုန်စျေးကွက်တို့၏ လက်ရှိ အခြေ အနေ၊ စသည်တို့ နှင့် ပတ်သက်သည့်အဆင့်ဆင့်သောမူဝါဒအသစ်များနှင့် ဥပဒေကြောင်းရာ အလေ့အထ အသစ်များကို ခွဲခြမ်းစိတ်ဖြာ၍ ရှင်းလင်းတိကျမှုရှိစေရန် အထူးအရေးကြီးလှပါသည်။