မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိသစ်တောများစွာအနက်မှ များစွာသော ဧရိယာများကို ပိုင်ဆိုင်ထားသည်။ သို့သော် မြန်မာနိုင်ငံ၏ မကြာသေးမီကသမိုင်းကြောင်းတွင် ကိုလိုနီနယ်ချဲ့တို့၏ သိမ်းပိုက်လုယူခဲ့မှုသည် ဒေသဆိုင်ရာ အခွင့်အရေးများကို ပျောက်ကွယ်သွားစေခဲ့ပြီး ဒေသ၏လိုအပ်ချက်များကိုလစ်လျူရှုထားခဲ့ရာ ကောင်းချီးပေးခြင်း တစ်ခုထက်ကျိန်စာကသာ ပိုများစေခဲ့သည်။ လွတ်လပ်ရေးရပြီးနောက် သစ်ထုတ်လုပ်ခြင်းလုပ်ငန်းသည် စစ်အာဏာရှင်များ၏ ဖိနှိပ်ချုပ်ချယ်မှု ပိုမိုခိုင်မာလာစေရန် ၎င်းတို့၏ ခရိုနီ မဟာမိတ်တို့မှ သစ်တော ကုန်ကျစရိတ်ဝင်ငွေနှင့် သက်ဆိုင်သည့်ရန်ပုံငွေဖြင့် ထောက်ပံ့ခဲ့ရာ အကျင့်ပျက်ချစားမှုနှင့် အာဏာရှင် စနစ်ယန္တရား တို့သည် ရေရှည်တည်တံ့နေစေခဲ့သည်။ ထို့ကြောင့် သစ်တောသယံဇာတများသည် ကျိန်စာသင့်ခြင်းထက် ကောင်းချီးပေးခြင်းတစ်ခုပြန်လည်ဖြစ်လာနိုင်စေရန် တရားဝင်ဥပဒေနှင့် တရားဥပဒေ စိုးမိုးမှုသို့ပြန်လည်ရောက်ရှိနိုင်မည့် နည်းလမ်းများကိုဖော်ထုတ်နိုင်မည့် အခြေအနေကို အရေးတကြီး လိုအပ်လျှက်ရှိသည်။ ဤအစီရင်ခံစာသည် ၂၀၁၅ခုနှစ်တွင် ALARM မှဆောင်ရွက်ထားသော သုတေသနလုပ်ငန်း၏ တွေ့ရှိချက်အားတင်ပြထားခြင်းဖြစ်သည်။ ၎င်းသည် စာရေးသူတို့၏ ဖြည့်စွက် စာတမ်းနှစ်ခုအနက်မှ တစ်ခုဖြစ်ပြီး" တရားဝင်နှင့်တရားမဝင်သစ်ခုတ်ခြင်း- မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီးခြင်းနှင့်သစ်တောများပျက်စီးခြင်း၏ပမာဏနှင့်အားပေးနေသူများ" ဟူသည့်ခေါင်းစဉ်ဖြင့် သစ်တောများနှင့်မြေယာအသုံးချမှုပြောင်းလဲခြင်းဆိုင်ရာတွေ့ရှိချက်များကိုတင်ပြထားခြင်းဖြစ်သည်။