ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းမှ ဆောင်ရွက်ထားသော နယ်ပယ်လေ့လာချက်၏ရည်ရွယ်ချက်သည် မြန်မာနိုင်ငံရှိ ပြည်ပနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင်ပါဝင်နေသော တရုတ်ကုမ္ပဏီများ၏တည်ရှိမှုနှ့်လုပ်ငန်းလည်ပတ်မှု၊ တိုက်ရိုက်နှင့်သွယ်ဝိုက်သက်ရောက်မှုရှိသော ပတ်ဝန်းကျင်နှင့်လူမှုဆိုင်ရာထိခိုက်မှုများအား ရင်းနှီးမြှုပ်နှံမှုနှင့်ဆက်စပ်သည့်တရားစီရင်မှုများတွင် ပိုမိုနားလည်စေရန်ပံ့ပိုးပေးထားခြင်းဖြစ်သည်။ ဤအစီရင်ခံစာသည် မြန်မာနိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုအကျိုးစီးပွားများရှိနေသည့်တရုတ်ကုမ္ပဏီများကိုဖော်ထုတ်ရန်နှင့် သတ္ထုတူးဖော်ရေး၊ ရေအားလျှပ်စစ်၊ စိုက်ပျိုးရေး၊ အခြေခံအဆောက်အအုံနှင့် ခရီးသွားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုနှင့်ဆိုင်သည့်သတင်းအချက်အလက်များကိုမှတ်တမ်းတင်ရည်ရွယ်သည့် နယ်ပယ်အသီးသီးမှ လေ့လာမှုပထမအဆင့်၏ တွေ့ရှိချက်များကို အကျဉ်းချုံးထားခြင်းဖြစ်သည်။