Skip to content

ကောက်ပဲသီးနှံများ၏ ပိုင်ရှင်များနှင့် ရောင်းချသည့် စျေးနှုန်းများ - မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကဏ္ဏတွင် ရင်းနှီးမြုပ်နှံခြင်း

နှစ်ပေါင်းများစွာ နိုင်ငံတကာနှင့် အဆက်အသွယ်ပြတ်နေပြီးနောက် မြန်မာနိုင်ငံသည် နိုင်ငံခြား ရင်းနှီး မြုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်အတွက် စီးပွါးရေးကဏ္ဏဖြေလျော့မှုများကို ဆောင်ရွက်လာနေပါသည်။ ဤလေ့လာမှုစာတမ်းတွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုသည် အရေးပါသော အခန်းကဏ္ဏမှ ပါဝင်နေသည်ဆိုသော်လည်းလက်ရှိအချိန်တွင် အကန့်အသတ်ဖြင့်သာရှိနေသေးသော ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှု အနေအထားကြောင့်စိုက်ပျိုးမွေးမြူရေးကဏ္ဏတွင် ပိုမိုများပြား လာနေသော ရင်းနှီးမြုပ်နှံမှုများက ဒေသခံလယ်သမားများ၏ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အငယ်စားများနှင့် မြေယာအပေါ် အမှီပြုနေရသူများအပေါ် ကြီးမားသည့် အန္တရာယ်များကို ဆောင်ကြဉ်း လာပါသည်။ မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေးကဏ္ဏတွင် လက်ရှိလာရောက်ရင်းနှီးမြုပ်နှံမှု အမျိုးအစား များနှင့် အတိုင်းအတာ၊ ပမာဏကိုစောင့်ကြည့်လေ့လာ၍ ဒေသခံလူ့အဖွဲ့အစည်း အပေါ်အဆိုပါ ရင်နှီး မြုပ်နှံမှုများကဆောင်ကြဉ်းလာမည့် အန္တရာယ်ဖြစ်နိုင်ခြေများကို အကျဉ်းချုပ်ဖော်ပြထားပြီး အဆိုပါ လုပ်ငန်းကဏ္ဏတွင် တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် လုပ်ငန်းဆိုင်ရာအလေ့အထများ အားကောင်း လာစေရန် ပြဌာန်းသတ်မှတ်ရမည့် ပြင်ပရင်းနှီးမြုပ်နှံမှုဆိုင်ရာ စည်ူမျဉ်းစည်းကမ်း၊ နည်းဥပဒေများကို စူးစမ်း၊လေ့လာ၊ တင်ပြထားပါသည်။ ဤစာတမ်းတွင် မြန်မာနိုင်ငံအစိုးရ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှု အကျိုးစီးပွါး (သို့မဟုတ်) မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်နေသည့် (သို့မဟုတ်) မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် စောင့်ကြည့်၊ လေ့လာ၊ စိစစ်နေသည့် ပြည်ပနိုင်ငံများ စသည်တို့အပေါ်၌ အကြံ ပြုချက်များဝေမျှထားပြီး မြေယာပိုင်ဆိုင်ခွင့် ချိုးဖောက်မှုများ၊ အလွဲသုံးစားပြုမှုများအပေါ် ကိုင်တွယ် ဖြေရှင်းရန်၊ လာရောက်ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီများအနေဖြင့် လူ့အခွင့်အရေးလေးစားလိုက်နာသည့် တာဝန်ယူမှု၊ တာဝန်ခံမှုများကို မြှင့်တင်ဆောင်ရွက်ရန် အစရှိသည့် ကိစ္စရပ်များကိုလည်း အကြံပြု ဆွေးနွေး၊ တင်ပြထားပါသည်။

Data Resources (1)

Data Resource Preview - ကောက်ပဲသီးနှံများ၏ ပိုင်ရှင်များနှင့် ရောင်းချသည့် စျေးနှုန်းများ - မြန်မာနိုင်ငံ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းကဏ္ဏတွင် ရင်းနှီးမြုပ်နှံခြင်း

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • စိုက်ပျိုးရေးမူဝါဒ နှင့် အုပ်ချုပ်ရေး
  • စိုက်ပျိုးရေးနှင့် ငါးဖမ်းလုပ်ငန်း
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် No
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

ရယူအသုံးပြုမှုဆိုင်ရာ ချုပ်ချယ်ကန့်သတ်မှု တစ်စုံတစ်ရာ မရှိပါ။

ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် unspecified
ဆက်သွယ်ရန်

Jasmine Burnley အီးမေးလ် - jburnley@oxfam.org.u

ရေးသားသူ (တစ်ဦးချင်း) Jasmine Burnley
ရေးသားသူ (အဖွဲ့) Oxfam
ထုတ်ဝေသည့်နေရာ မြန်မာနိုင်ငံ
ထုတ်ဝေသူ Oxfam
ထုတ်ဝေသည့်ရက်စွဲ 2017
စာမျက်နှာခွဲ 48
အဓိကစကားလုံးများ Poverty,Agribusiness,Livelihoods,Agriculture Investment
တင်ခဲ့သည့်ရက်စွဲ ဩဂုတ် 14, 2018, 04:10 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 7, 2021, 13:06 (UTC)