Skip to content

စားနပ်ရိက္ခာ ထုတ်လုပ်ဖြန့်ဖြူးမှု၊ ထိန်းချုပ်မှု၊ စည်းကြပ်စစ်ဆေးမှု၊ ဝယ်ယူစားသုံးမှုဆိုင်ရာမူဝါဒများ

မကြာသေးမီကာလများအတွင်းနိုင်ငံရေးနှင့်စီးပွါးရေး မူဝါဒများ စတင်ဖြေလျော့လာသည့် မြန်မာနိုင်ငံရှိ အသေးစားလယ်ယာလုပ်ငန်းရှင်များ/ လယ်သမားများသည် နိုင်ငံတကာရင်းနှီးမြုပ်နှံသူများက တွန်းအား ပေးမောင်းနှင်သည့် လျင်မြန်သောပြောင်းလဲမှုဖြစ်စဉ်များကို မျက်ဝါးထင်ထင်တွေ့မြင်လာရပါသည်။ နိုင်ငံခြားရင်းနှီးမြုပ်နှံများကို ဆွဲဆောင်မည့်ဥပဒေများရေးဆွဲလာသော်လည်း အဆိုပါဥပဒေများမှ ဆောင် ကျဉ်းလာမည့်အကျိုးကျေးဇူးများမှာ တစ်ဖက်သတ်ဆန်နေပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာ နှစ်ဦးနှစ်ဖက်သဘောတူစာချုပ်စနစ် ဖြစ်ထွန်းပေါ်ပေါက်လာပုံနှင့် အသေးစားလယ်ယာ လုပ်ငန်း ရှင်များ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအပေါ် သက်ရောက်ပုံများကို နွဲ့ကေခိုင်က ဝေဖန်ဆန်းစစ် ထားပါသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏စားနပ်ရိက္ခာလုံလောက်စေရန် ပြင်ပရင်းနှီးမြုပ်နှံသူများ ဝင်ရောက်ခွင့်ပြုနေချိန်တွင် အိမ်နီးချင်းတရုတ်နိုင်ငံက ၎င်းတို့၏ကုမ္ပဏီများကို ပြည်ပတွင်ရင်းနှီးမြုပ်နှံ မှုများပြုလုပ်ရန် အားပေးလျက်ရှိနေပါသည်။ တရုတ်နိုင်ငံ၏ ပြင်ပစိုက်ပျိုးမွေးမြူရေး ကဏ္ဏရင်းနှီးမြုပ်နှံ မှုများသည် လွန်ခဲ့သောနှစ်များအတွင်း အဆများစွာတိုးတက်လာခဲ့ပြီး အိမ်ရှင်နိုင်ငံများအပေါ် သက် ရောက်သည့် အကျိုးဆက်များက သတင်းမီဒီယာလောကအတွက် အကြီးအကျယ်အာရုံစိုက်ရသည့် အကြောင်းအရာဖြစ်လာခဲ့ပါသည်။ သို့ရာတွင် အဆိုပါစိုးရိမ်ပူပန်မှုများသည် ပိုပိုသာသာပြောဆိုခြင်းများ သာဖြစ်ပြီး ပို၍ဓမ္မဓိဌာန်ကျသော အကဲဖြတ်ဆန်းစစ်ချက်အရ တရုတ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုများသည် အိမ်ရှင်နိုင်ငံများအတွက် ဆုံးရှုံးနိုင်မှုအန္တရာယ်ထက် အခွင့်အလမ်းများပိုမိုဆောင်ကြဉ်းလာနိုင်သည်မှာ ထင်ရှားကြောင်း (Feifei Cai) ကပြောဆိုထားပါသည်။ ထို့အပြင် တရုတ်နိုင်ငံ၏ရင်းနှီးမြုပ်နှံမှုများကို နိုင်ငံတကာအတိုင်းအတာဖြင့် ပိုမိုကြိုဆိုသင့်ကြောင်းကိုလည်း သူမကဆက်လက်ပြောဆိုထားပါသည်။

Data Resources (1)

Data Resource Preview - စားနပ်ရိက္ခာ ထုတ်လုပ်ဖြန့်ဖြူးမှု၊ ထိန်းချုပ်မှု၊ စည်းကြပ်စစ်ဆေးမှု၊ ဝယ်ယူစားသုံးမှုဆိုင်ရာမူဝါဒများ

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်အတို (မူရင်းခေါင်းစဉ်နှင့်မတူသောခေါင်းစဉ်) အာရှ ရှုထောင့်/အတွေးအမြင် - စာစောင် အမှတ် (၅)
ခေါင်းစဉ်များ
  • Agriculture and fishing
  • Contract farming
  • Small and medium scale farming
ပထဝီဧရိယာ (spatial range)
  • တရုတ်
  • မြန်မာ
မူပိုင်ခွင့် Yes
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

ဤအစီရင်ခံစာနှင့်ပတ်သက်သည့် မူပိုင်ခွင့်အားလုံးကို (Heinrich Boll) ဖောင်ဒေရှင်းမှ လျောက်ထား ရယူပြီးဖြစ်ပါသည်။ ဤဝက်ဆိုက်တွင် ဖော်ပြထားသည့် ဤအစီရင်ခံစာပါအကြောင်းအရာများသည် ဂျာမန်မူပိုင်ခွင့် ဥပဒေနှင့်အညီဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် “အများပြည်သူအတွက် တီထွင်ဖန်းတီးမှုရယူ အသုံးပြုခွင့်လိုင်စင်” (Creative Commons - CC ) ဆိုင်ရာသတ်မှတ်ပြဌာန်းချက်များကို အစွမ်းကုန် လေးစားလိုက်နာမည်ဖြစ်ပါသည်။ “အများပြည်သူအတွက် တီထွင်ဖန်းတီးမှုရယူ အသုံးပြုခွင့်လိုင်စင်” (Creative Commons - CC )အရ ဤအစီ ရင်ခံစာပါ အချက်အလက်များကို ကျွန်ုပ်တို့၏ခွင့်ပြုချက်ရယူရန်မလိုအပ်ပဲ တစ်ဆင့်ကူးယူဖော်ပြခြင်း၊ ပြန်လည်ဖြန့်ဖြူးခြင်းများပြုလုပ်နိုင်ပါသည်။ သို့ရာတွင် ကျွန်ုပ်တို့၏ အစီရင်ခံစာ တစ်စိတ်တစ်ဒေသကို ထပ်ဆင့်ဖြန့်ဝေမှုများအတွက် အောက်ပါအီးမေးသို့ ဆက်သွယ်အသိပေးမည်ဆိုပါက ကျွန်ုပ်တို့အနေဖြင့် အထူးကျေးဇူးတင်ဝမ်းမြောက်မည် ဖြစ်ပါသည်။ internetredaktion@boell.de

အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါ ဝက်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင် ပါသည်။ https://www.boell.de/en/site-notice အကယ်၍ ခွင့်ပြုချက်လိုင်စင်တွင်အကြုံးဝင်ခြင်းမရှိသည့် အကြောင်းအရာများကို ပြန်လည် အသုံးပြုလို ပါက ကျွန်ုပ်တို့ထံဆက်သွယ်ပါ။ ကျွန်ုပ်တို့အနေဖြင့် အကောင်းဆုံးဖြေရှင်းပေးနိုင်မည်ဟု မျှော်လင့် ပါသည်။ အကယ်၍ ဤဝက်ဆိုက်တွင်တင်ပြထားသည့် စာရွက်စာတမ်းများသည် ခွင့်ပြုချက်အမှတ်အသားမပါရှိ ပါက ထပ်ဆင့်ကူးယူ၊ ဖြန့်ဝေရန်အတွက် Heinrich-Böll-Stiftung e.V (သို့မဟုတ်) သက်ဆိုင်ရာ မူပိုင်ခွင့် ပိုင်ရှင်ထံမှ ခွင့်ပြုချက် တောင်းခံရပါမည်။

ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် CC-BY-NC-4.0
ဆက်သွယ်ရန်

ရန်ကုန်ရုံး အမှတ် (၄၅/က) ကန်လမ်းသွယ် (၃) ကန်လမ်း ၊ ကမာရွတ်မြို့နယ် ရန်ကုန်၊ မြန်မာနိုင်ငံ ဖုန်း - + ၉၅၉ ၃၁ ၆၈၅ ၈၄၆ အီးမေး - info@mm.boell.or

ရေးသားသူ (အဖွဲ့) (Heinrich Boll) ဖောင်ဒေရှင်း
ထုတ်ဝေသည့်နေရာ မြန်မာနိုင်ငံ
ထုတ်ဝေသူ (Heinrich Boll) ဖောင်ဒေရှင်း
ထုတ်ဝေသည့်ရက်စွဲ 2017
စာမျက်နှာခွဲ 40
အဓိကစကားလုံးများ Chinese Investment
တင်ခဲ့သည့်ရက်စွဲ ဩဂုတ် 12, 2018, 08:00 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 10, 2021, 16:19 (UTC)