Skip to content

ခုခံခြင်းနှင့် ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိခြင်း- မြန်မာနိုင်ငံရှိကျေးရွာဒေသများ၌ မြေယာသိမ်းဆည်းမှုများအပေါ် ပြည်သူ့အခြေပြုအဖွဲအစည်းများနှင့် ဒေသခံများမှ ခုံခံကြိုးပမ်းပြောဆိုမှုများအားလေ့လာခြင်း

ဧရာဝတီတိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့၌ဆောင်ရွက်ထားသော ဤသုတေသနပြုချက်သည် ဒေသဆိုင်ရာ လူထုအဖွဲ့အစည်းများမှ လယ်သမားများနှင့် ငါးဖမ်းလုပ်သား အဖွဲ့များ အတွက် မြေယာပြဿနာနှင့် ပတ်သက်သည့်ဥပဒေသစ်များနှင့် မူဝါဒအသစ်များ အကြောင်း အသိပညာပေးသင်တန်းများမှတစ်ဆင့် ယခင် မြေယာသိမ်းဆည်းမှုများအား ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိရေးအပေါ် အောင်မြင်စေရန်အတွက် အသုံးပြုနိုင်ရန် အစိုးရနှင့် (အခြားသက်ဆိုင်ရာအဖွဲ့အစည်များ)အား အကြံပြုပေးထားသည်။ သိမ်းဆည်းမြေများ၊ အများပိုင် သစ်တောများနှင့် မြေများအတွက် အောင်မြင်သောလျှောက်ထားမှုများတွင် ဒေသခံများသည် ဤဥပဒေ အသိပညာကို ကာကွယ်ရေးနည်းလမ်းတစ်စိတ်တစ်ပိုင်းအဖြစ်လည်း အသုံးပြုနိုင်သည်။ သို့သော် ၎င်းဥပဒေကိုယ်တိုင်သည်လည်း လိုအပ်ချက်ရှိ၍ လုံလောက်မှုမရှိပေ။ ၎င်းကို အရပ်ဖက်လူထုအဖွဲ့အစည်းများနှင့် ဒေသခံအဖွဲ့အစည်းများအတွက် အသုံးပြုနိုင်သည့် ညှိနှိုင်းမှုတစ်စိတ်တစ်ပိုင်း တစ်ခုအဖြစ်သာ အသုံးပြုရမည်။ ၎င်းတို့တွင် အစိုးရအဆင့်အမျိုးမျိုးရှိအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအပါအဝင် လူမှုအသိုင်းအဝိုင်း အမျိုးမျိုးအားဦးတည်သည့် လုပ်ရပ်များဖြစ်သည်။ စာရေးသားခြင်း၊ စေ့စပ်ညှိနှုင်းခြင်း၊ နှင့် ဆန္ဒပြခြင်း တို့ပင်ပါဝင်သည်။ ထို့အပြင် တရားဝင်ဥပဒေအသစ်သည် အားနည်းချက်အသစ်များကိုဖန်တီးစေနိုင်သည့်အပြင် ဒေသခံလယ်သမားများနှင့် တံငါသည်များများသည် ဥပဒေအသစ်ကို အောင်မြင်စွာနားလည်နိုင်ခြင်းနှင့် စီမံခန့်ခွဲနိုင်ခြင်းမရှိသောကြောင့် တရားဥပဒေကြောင်းအရ လက်လွတ်ဆုံးရှုံးရခြင်းတို့ခံရနိုင်သည်။

Data Resources (1)

Data Resource Preview - ခုခံခြင်းနှင့် ပြန်လည်ပိုင်ဆိုင်ခွင့်ရရှိခြင်း- မြန်မာနိုင်ငံရှိကျေးရွာဒေသများ၌ မြေယာသိမ်းဆည်းမှုများအပေါ် ပြည်သူ့အခြေပြုအဖွဲအစည်းများနှင့် ဒေသခံများမှ ခုံခံကြိုးပမ်းပြောဆိုမှုများအားလေ့လာခြင်း

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ Expropriation
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် To be determined
ပြင်ဆင်ချက် 1.3
ခွင့်ပြုချက် Creative Commons Attribution
ရေးသားသူ (အဖွဲ့) LCG
ပူးတွဲရေးသားသူ (တစ်ဦးချင်းစီ) Elliott Prasse-Freeman
ထုတ်ဝေသည့်ရက်စွဲ 2016
အဓိကစကားလုံးများ Land Grabbing
တင်ခဲ့သည့်ရက်စွဲ အောက်တိုဘာ 12, 2018, 07:30 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ အောက်တိုဘာ 6, 2020, 04:16 (UTC)