Skip to content

ကျွန်ုပ်တို့မပါရှိသည့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ - မြန်မာနိုင်ငံအရှေ့တောင်ဘက်မှကျေးရွာဌာန များနှင့် မြေယာသိမ်းဆည်းမှုများ

ကျွန်ုပ်တို့ရေးသားပြုစုခဲ့သည့် “ကျေးရွာဌာနများ - တပ်ဖွဲများချထားသည့်ကရင်ပြည်နယ်ရှိ ကျေးလက် ရပိုင်ခွင့်များနှင့် ဆန့်ကျင်တိုက်ခိုက်မှုများ” အစီရင်ခံစာ ထွက်ရှိခဲ့ပြီးနောက် (၁၀) နှစ်အကြာတွင် “ကရင် လူ့အခွင့်အရေးအဖွဲ့ (KHRG)” ၏ မြန်မာနိုင်ငံအရှေ့တောင်ဘက်နယ်မြေဒေသများရှိ ဒေသခံလူထု၏ အတွေ့အကြုံများကို နားလည်စေရန် ချဉ်းကပ်အားထုတ်ခြင်း လုပ်ငန်းစဉ်များသည် ယခင်ကကဲ့သို့ပင် အရေးပါမြဲ ပါလျက်ရှိနေပါသည်။ (KHRG) အဖွဲ့အနေဖြင့် ကျေးလက်နေပြည်သူများသည် ကုမ္ပဏီများနှင့် အစိုးရအာဏာပိုင်များ၏ မတရားဖိနှိပ်မှုများကြောင့် ထိခိုက်ခံစားရမှုများအပေါ် ဦးတည် လေ့လာစူးစမ်း ခြင်းထက် ကျေးလက်နေပြည်သူများအနေဖြင့် ကျေးရွာဌာနများ၊ အဖွဲ့အစည်းများကို အသုံးပြု၍ မြေယာ သိမ်းဆည်းခံရခြင်းများ၊ ကော်ပိုရိတ် လုပ်ငန်းကြီးများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ မတော်မတရား ပြုမှုများကို မည်သို့မည်ပုံကာကွယ်ရမည်ဟူသည့် နည်းလမ်းများအပေါ် ပိုမိုရှာဖွေဖော်ထုတ်ရန် ဆုံးဖြတ် ချက် ချထားပါသည်။ (KHRG) ၏ သတ်မှတ်ဖွင့်ဆိုချက်အရ ကျေးရွာဌာန/ အဖွဲ့အစည်းဆိုသည်မှာ ကျေးရွာပြည်သူများက ၎င်းတို့၏ ရပိုင်ခွင့်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို နားလည်၊ ရင်ဆိုင်၊ ကာကွယ်နိုင်ရန်အတွက် လိုအပ်သော စွမ်းရည်၊ မဟာဗျူဟာနှင့် အင်အားစိုက်ထုတ်မှုများကို ၎င်းတို့ ကိုယ်တိုင်ဆောင်ရွက်ခြင်း ဟူ၍ဖြစ်ပါသည်။ ကျေးလက်ပြည်သူများအနေဖြင့် ၎င်းတို့၏မြေယာများကို ကာကွယ်ရာတွင်အသုံးပြုသည့် မဟာဗျူဟာများကိုချဲ့ထွင်ပေးရန် (KHRG) က ရည်ရွယ်ပါသည်။ အဆိုပါ မဟာဗျူဟာများမှာ အကြံဉာဏ်ရယူသည့်လုပ်ငန်းစဉ်များတွင်ပါဝင်ခြင်း၊ ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ စာရွက်စာတမ်းများအသုံးပြု၍ ၎င်းတို့၏ မြေယာရပိုင်ခွင့်များကို ကာကွယ်ခြင်း၊ မကြေနပ်မှု၊ မကြေလည်မှုများကို စာဖြင့်ရေးသားတိုင်တန်းခြင်း၊ မျှတသောလျော်ကြေးငွေများကို မေတ္တာရပ်ခံတောင်းဆိုခြင်း၊ ဆန့်ကျင်ကန်ကွက်မှုများ စီစဉ်ပြုလုပ်ခြင်းနှင့် ကိုယ်တိုင်တက်ရောက်ခြင်း စသည်တို့ဖြစ်ကြပါသည်။ ထို့အပြင် ဤအစီရင်ခံစာတွင် သတင်းအချက်အလက်ရယူပိုင်ခွင့်၊ ဆုံးဖြတ် ချက်ချမှတ်သူများနှင့် တွေ့ဆုံဆက်သွယ်ပိုင်ခွင့်၊ ဥပဒေကြောင်းရာမူဘောင်များကို သိရှိနားလည်ပိုင်ခွင့်၊ မိမိတို့၏အမြင်၊ အယူအဆကို ရပ်ရွာ၏ လိုလားချက်အသံအဖြစ် တင်ပြပိုင်ခွင့် စသည်တို့အပါအဝင် ဆောင်ရွက်ပိုင်ခွင့်များကို ကျေးရွာကိုယ်စားလှယ်များထံ အပ်နှင်းခြင်း (သို့မဟုတ်) အဆိုပါ လုပ်ပိုင်ခွင့် များကို ၎င်းကိုယ်စားလှယ်များထံမှ ရုပ်သိမ်းခြင်း စသည့်လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်းဖော်ပြ ထားပါသည်။ ယနေ့ကာလ မြေယာဆိုင်ရာ အငြင်းပွါးမှုများသည် လူမှုရေးနှင့် နိုင်ငံရေး မတည်ငြိမ်မှုများ ကို မြင့်တက်စေသောကြောင့် မြန်မာနိုင်ငံအရှေ့တောင်ဘက်ဒေသများ၏ ရေရှည်ငြိမ်းချမ်းရေးအတွက် ခြိမ်းချောက်မှု တစ်ခုဖြစ်လာနေပါသည်။ ထို့ကြောင့် မြေယာသိမ်းဆည်းခံရခြင်းများကို ကာကွယ်တားဆီး ရန်၊ ကျေးလက်နေပြည်သူလူထု၏ လူ့အခွင့်အရေးနှင့် မြေယာရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ရန် ယုံကြည်စိတ်ချရသော ဥပဒေမူဘောင်တစ်ရပ် အရေးပေါ်လိုအပ်နေပါသည်။ (KHRG) အဖွဲ့အနေဖြင့် ဤအစီရင်ခံစာမှတစ်ဆင့် မြေယာသိမ်းဆည်းခံရမှု ဒဏ်ကိုခံစားနေကြရသည့် ကျေးလက်ပြည်သူတို့၏ အသံများကို ဩဇာရှိဆုံးဖြတ်ချက်ချမှတ်သူများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် အခြားအကျိုးစီးပွါး ပါဝင် ပတ်သက်သူများထံသို့ အားလုံးလွှမ်းခြုံပါဝင်သည့် ဖွံ့ဖြိုးတိုးတက်မှုခြေလှမ်းများ ဖော်ဆောင်နိုင်စေရန် အတွက် တင်ပြအပ်ပါသည်။

Data Resources (1)

Data Resource Preview - ကျွန်ုပ်တို့မပါရှိသည့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များ - မြန်မာနိုင်ငံအရှေ့တောင်ဘက်မှကျေးရွာဌာန များနှင့် မြေယာသိမ်းဆည်းမှုများ

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • Human rights
  • Land
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် Yes
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

ဤအစီရင်ခံစာကို (KHRG) မှ ဖြန့်ဝေပါသည်။ (KHRG) မူပိုင်ခွင့် (၂၀၁၈) ဤအစီရင်ခံစာပါအကြောင်းအရာ၊ အချက်အလက်များကို အမြတ်အစွန်းအတွက် ရည်ရွယ်ခြင်းမရှိသည့် ဖြန့်ဝေခြင်း၊ ပြန်လည်ကူးယူဖော်ပြခြင်း၊ သတင်းဏျာနယ်များတွင် ရည်ညွှန်းကိုးကားခြင်းတို့ ပြုလုပ်နိုင် ပါသည်။ သို့ရာတွင် စီးပွါးရေးရည်ရွယ်ချက်ဖြင့်ပြုလုပ်ပါက (KHRG) ၏ စာဖြင့်ရေးသားထားသော ခွင့်ပြုချက် ကြိုတင်ရယူရန်လိုအပ်ပါသည်။ ဤအစီရင်ခံစာ၏ နောက်ဆုံးအပိုင်းကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားပြီး ကရင်နှင့် မြန်မာဘာသာသို့ ပြန်ဆိုထားပါသည်။ (KHRG) အနေဖြင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော အစီရင်ခံစာကို မူပိုင်ခွင့်ရစာတမ်းအဖြစ် ရည်ညွှန်းထားရှိပါသည်။ ဤအစီရင်ခံစာသည် စီးပွါးဖြစ်ရောင်းချရန်အတွက် မဟုတ်ပါ။

ပြင်ဆင်ချက် 1.1
ခွင့်ပြုချက် unspecified
ဆက်သွယ်ရန်

ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG) အီးမေးလ် - khrg@khrg.org

ရေးသားသူ (အဖွဲ့) ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)
ပူးတွဲရေးသားသူ (အဖွဲ့) ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)
ထုတ်ဝေသည့်နေရာ Myanmar
ထုတ်ဝေသူ Karen Human Rights Group (KHRG)
ထုတ်ဝေသည့်ရက်စွဲ 2018
စာမျက်နှာခွဲ 124
အဓိကစကားလုံးများ Land Grabbing,Conflict,Karen State,Kayin,Protest,Agency
တင်ခဲ့သည့်ရက်စွဲ ဩဂုတ် 30, 2018, 03:50 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ ဧပြီ 10, 2021, 16:06 (UTC)