Skip to content

အကျင့်ပျက်ချစားမှုအခြေအနေ- မြန်မာနိုင်ငံ၏ခိုးယူခဲ့သောကျွန်းသစ်များတွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု နောက်ကွယ်၌ ထိပ်တန်းအဆင့် ပူးပေါင်းကြံစည်မှု

မြန်မာနိုင်ငံ၏သစ်တောများကို ၎င်းတို့၏ငွေကြေးတန်ဖိုးဖြင့်သတ်မှတ်ပြီး စစ်တပ်နှင့်စီးပွားရေး အထက်တန်း လွှာတို့၏ အမြတ်အစွန်းများနှင့် အချို့သောကိစ္စများတွင် ဆယ်စုနှစ်များစွာ ဆက်လက် ရှင်သန်ရပ်တည်မှုတို့၏ တစိတ်တပိုင်းအဖြစ်ထားရှိကြသည်။ အဂတိလိုက်စားမှု၊ လာဘ်ပေးလာဘ်ယူမှု နှင့်အခြားသော တရားမဝင်ပုံစံ အမျိုးမျိုးဖြင့် အနည်းဆုံးဆယ်စုနှစ်နှစ်ခုအတွင်းစနစ်တကျစီမံထားသည့် သစ်တောနှင့်သစ်ကုန်သွယ်မှုကဏ္ဍများ အာလုံးသည် အုပ်ချုပ်ရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများကို အားနည်းစေခဲ့သည်။ လက်ရှိဥပဒေများသည် သယံဇာတထုတ်ယူခြင်းဆိုင်ရာမူဝါဒအားလုံးမှတစ်ဆင့် အစိုးရသည် အရင်းအမြစ်များအပေါ် လူထု၏မှီခို အားထားမှုကို အားနည်းစေပြီး တစ်ချိန်တည်းမှာပင် ၎င်းတို့သည် အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ ပဋိပက္ခများပင်လျှင် ပိုမိုဖြစ်ပွားစေမည့် ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့်စီမံအုပ်ချုပ်မှုကို မိတ်ဆက်ပေးခဲ့ပြီး ဒေသခံပြည်သူတို့အား ပြစ်မှုကျူးလွန်မှုကို ရှာဖွေဟန်ရှိခဲ့သည်။ ၁၉၈၉ခုနှစ်မှ ယနေ့အထိ မြန်မာနိုင်ငံ၏ အတိတ်က စစ်အစိုးရများနှင့် လက်ရှိအစိုးရသည်သစ်တောဦးစီးဌာန၏စည်းမျဉ်စည်းကမ်းများနှင့် လိုက်နာ ကျင့်သုံးမှုများနှင့်ပတ်သက်၍ အစိုးရပိုင်သစ်လုပ်ငန်းမှ တရားဥပဒေစိုးမိုးရေးနှင့်ကိုက်ညီမည့် ရေရှည်တည်တံ့ ခိုင်မြဲသည့်ဥပဒေများအား အကောင်အထည်ဖော်ခဲ့သည်။ ဤအရာသည်ရိုးရှင်းသောကိစ္စမဟုတ်ခဲ့ပေ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအေဂျင်စီမှ နှစ်နှစ်အတွင်း လျှို့ဝှက်ဆန်းကျယ်၍ ဒဏ္ဍာရီဆန်သော မြန်မာ့ကျွန်းပင်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးများပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရှိ အကြီးတန်းစစ်တပ်နှင့် အစိုးရအရာရှိများအား လာဘ်ပေးလာဘ်ယူမှုအားဖြင့် ၎င်းတို့သည် လျှို့ဝှက်ကုမ္ပဏီတစ်ခုကို မည်သို့တည်ထောင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ၏ ကျွန်းသစ်အဆီအနှစ်များ အားလိမ်လည်လှည့်ဖြားကုန်သွယ်မှုစာအုပ်တစ်အုပ်တွင် ဖော်ပြခဲ့သည်။ မြန်မာ့သစ်လုပ်ငန်းမှ တရားဝင် ကုန်သွယ်ရေးဖြင့် အပြိုင်အုပ်ချုပ်ဆောင်ရွက်ခဲ့သည်။ ကျွနုပ်တို့၏စုံစမ်းစစ်ဆေးမှုများသည် မြန်မာ-တရုတ်နယ်စပ်သို့ပင် ရောက်ရှိခဲ့ရာ မြန်မာနိုင်ငံမှကျွန်းသစ်နှင့် အခြားသစ်မာများအား တရားမဝင်သိမ်းယူခြင်း၌ တရုတ်နိုင်ငံသည်အဓိကအကျဆုံးနေရာတွင်ပါဝင်ခဲ့သည်။

Data Resources (1)

Data Resource Preview - အကျင့်ပျက်ချစားမှုအခြေအနေ- မြန်မာနိုင်ငံ၏ခိုးယူခဲ့သောကျွန်းသစ်များတွင် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှု နောက်ကွယ်၌ ထိပ်တန်းအဆင့် ပူးပေါင်းကြံစည်မှု

Additional Info

Field Value
စာတမ်းအမျိုးအစား Reports, journal articles, and research papers (including theses and dissertations)
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ Environment and natural resources
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် To be determined
ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် Creative Commons Attribution
ရေးသားသူ (အဖွဲ့) EIA
ပူးတွဲရေးသားသူ (အဖွဲ့) Environmental Investigation Agency
ထုတ်ဝေသည့်ရက်စွဲ 2019
အဓိကစကားလုံးများ Forest Management,Logging,Teak,Illegal Logging,Timber Trade
တင်ခဲ့သည့်ရက်စွဲ ဖေဖော်ဝါရီ 22, 2019, 06:10 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ နိုဝင်ဘာ 17, 2019, 09:09 (UTC)