Skip to content

Additional Information

Field Value
Last updated 2020၊ 12 ဖေဖော်ဝါရီ
Created 2020၊ 12 ဖေဖော်ဝါရီ
ပုံစံ PDF
လိုင်စင် License not specified
အမည် မြန်မာနိုင်ငံ ထုံးကျောက် ၊ ရွှေ နှင့် သံဖြူသထ္ထုရိုင်း တူးဖော်ထုတ်လုပ်ရေးကဏ္ဏများမှ (လူမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ) သက်ရောက်မှုများအပေါ် အကဲဖြတ်ဆန်းစစ်ချက် အစီရင်ခံစာ
ဖော်ပြချက်

ဤအစီရင်ခံစာတွင် သထ္ထုရိုင်းများတူးဖော်ထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ၊ ရပ်ရွာလူ့အဖွဲ့ အစည်းများနှင့် အလုပ်သမားများအပေါ် ထိခိုက် ၊ သက်ရောက်နိုင်ခြေများကို ဝေဖန် ၊ ဆန်းစစ်ထား ပါသည်။ အဆိုပါအစီရင်ခံစာတွင် လုပ်ငန်းကဏ္ဏများ၏ ဖြစ်ရိုးဖြစ်စဉ်နှင့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော အစိတ်အပိုင်းများကို ထည့်သွင်းတွက်ချက်၍ ကဏ္ဏအလိုက် ၊ စီမံကိန်းအဆင့်နှင့် တစ်စချင်းတိုးပွါးလာ သော သက်ရောက်နိုင်ခြေအားလုံးကို လွှမ်းခြုံဖော်ပြထားပါသည်။ အဆိုပါအစီရင်ခံစာတွင် သထ္ထုတွင်း လုပ်ငန်းကဏ္ဏ၏ အဆိုးသက်ရောက်နိုင်ခြေများကို ရှောင်ရှားရန်၊ ကိုင်တွယ်ဖြေရှင်းရန် နှင့် အကောင်း သက်ရောက်နိုင်ခြေများကို အကောင်းဆုံးမြှင့်တင်နိုင်ရန် နည်းလမ်းများကို မြန်မာနိုင်ငံတော်အစိုးရ ၊ စီးပွါးရေးလုပ်ငန်းများ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေ ဖြင့် ထည့်သွင်းစဉ်းစားနိုင်ရန် အကြံပြုတင်ပြ ၊ ဆွေးနွေးထားပါသည်။ ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်း လေ့လာမှုများမှ အဓိကတွေ့ရှိချက်များကို အကျဉ်းချုပ်ဖော်ပြထား၍ တိကျခိုင်မာသော အကြံပြုချက်များ ဆွေးနွေး ၊ တင်ပြပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုလျော့ချခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင် ရာတွင် မြန်မာ့သထ္ထုတွင်းလုပ်ငန်းကဏ္ဏကို အကောင်းဆုံးပုံဖော်တည်ဆောက်နိုင်မည့် တွေ့ဆုံဆွေးနွေး ၊ အဖြေရှာရေးစင်မြင့်တစ်ခုကို ဤအစီရင်ခံစာမှ အကြံပြု ၊ ဆွေးနွေးထားပါသည်။

Resource's languages
  • အင်္ဂလိပ်ဘာသာစကား