Skip to content

မြန်မာနိုင်ငံ ထုံးကျောက် ၊ ရွှေ နှင့် သံဖြူသထ္ထုရိုင်း တူးဖော်ထုတ်လုပ်ရေးကဏ္ဏများမှ (လူမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ) သက်ရောက်မှုများအပေါ် အကဲဖြတ်ဆန်းစစ်ချက် အစီရင်ခံစာ

ဤအစီရင်ခံစာတွင် သထ္ထုရိုင်းများတူးဖော်ထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ၊ ရပ်ရွာလူ့အဖွဲ့ အစည်းများနှင့် အလုပ်သမားများအပေါ် ထိခိုက် ၊ သက်ရောက်နိုင်ခြေများကို ဝေဖန် ၊ ဆန်းစစ်ထား ပါသည်။ အဆိုပါအစီရင်ခံစာတွင် လုပ်ငန်းကဏ္ဏများ၏ ဖြစ်ရိုးဖြစ်စဉ်နှင့် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော အစိတ်အပိုင်းများကို ထည့်သွင်းတွက်ချက်၍ ကဏ္ဏအလိုက် ၊ စီမံကိန်းအဆင့်နှင့် တစ်စချင်းတိုးပွါးလာ သော သက်ရောက်နိုင်ခြေအားလုံးကို လွှမ်းခြုံဖော်ပြထားပါသည်။ အဆိုပါအစီရင်ခံစာတွင် သထ္ထုတွင်း လုပ်ငန်းကဏ္ဏ၏ အဆိုးသက်ရောက်နိုင်ခြေများကို ရှောင်ရှားရန်၊ ကိုင်တွယ်ဖြေရှင်းရန် နှင့် အကောင်း သက်ရောက်နိုင်ခြေများကို အကောင်းဆုံးမြှင့်တင်နိုင်ရန် နည်းလမ်းများကို မြန်မာနိုင်ငံတော်အစိုးရ ၊ စီးပွါးရေးလုပ်ငန်းများ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအနေ ဖြင့် ထည့်သွင်းစဉ်းစားနိုင်ရန် အကြံပြုတင်ပြ ၊ ဆွေးနွေးထားပါသည်။ ကျယ်ကျယ်ပြန့်ပြန့် ကွင်းဆင်း လေ့လာမှုများမှ အဓိကတွေ့ရှိချက်များကို အကျဉ်းချုပ်ဖော်ပြထား၍ တိကျခိုင်မာသော အကြံပြုချက်များ ဆွေးနွေး ၊ တင်ပြပေးခြင်းဖြင့် မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှုလျော့ချခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင် ရာတွင် မြန်မာ့သထ္ထုတွင်းလုပ်ငန်းကဏ္ဏကို အကောင်းဆုံးပုံဖော်တည်ဆောက်နိုင်မည့် တွေ့ဆုံဆွေးနွေး ၊ အဖြေရှာရေးစင်မြင့်တစ်ခုကို ဤအစီရင်ခံစာမှ အကြံပြု ၊ ဆွေးနွေးထားပါသည်။

Data Resources (1)

Data Resource Preview - မြန်မာနိုင်ငံ ထုံးကျောက် ၊ ရွှေ နှင့် သံဖြူသထ္ထုရိုင်း တူးဖော်ထုတ်လုပ်ရေးကဏ္ဏများမှ (လူမှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ) သက်ရောက်မှုများအပေါ် အကဲဖြတ်ဆန်းစစ်ချက် အစီရင်ခံစာ

Additional Info

Field Value
စာတမ်းအမျိုးအစား Issue and policy briefs
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ Mining
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် Yes
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

ဤအစီရင်ခံစာနှင့်ပတ်သက်၍ မူပိုင်ခွင့်ရယူပြီးဖြစ်ပါသည်။ ဤအစီရင်ခံစာတွင်ပါဝင်သည့် အချက် အလက်များ ၊ ကောက်နှုတ်ချက်များကို ကူးယူ ၊ ဖြန့်ဝေလိုပါက “တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော စီးပွါးရေး ဆိုင်ရာ မြန်မာနိုင်ငံဌာန” (MCRB) ၊ “လူ့အခွင့်အရေးနှင့် စီးပွါးရေးဆိုင်ရာအဖွဲ့အစည်း” (IHRB) ၊ “လူ့အခွင့်အရေးဆိုင်ရာ ဒိန်းမတ်နိုင်ငံအဖွဲ့အစည်း” (DIHR) များထံသို့ အသိပေး ၊အကြောင်းကြား ၊ ခွင့်တောင်း၍ ပုံနှိပ်ထုတ်ဝေသည့် မိတ္တူပွါးတစ်စောင်ကို အောက်ဖော်ပြပါ ရုံးချုပ်လိပ်စာသို့ ပေးပို့ခြင်းဖြင့် အခမဲ့ခွင့်ပြုချက်ရယူနိုင်ပါသည်။ အဆိုပါအစီရင်ခံစာကို တစ်ဆင့်ပြန်လည်ကူးယူခြင်းနှင့် ဘာသာပြန်ဆို ခြင်းတို့အတွက် MCRB ၊ IHRB နှင့် DIHR သို့လိပ်မူ၍ ခွင့်ပြုချက်တောင်းခံရပါမည်။

ပြင်ဆင်ချက် May 2018
ခွင့်ပြုချက်

No license given

ဆက်သွယ်ရန်

တာဝန်ယူမှု ၊ တာဝန်ခံမှုရှိသော စီးပွါးရေးဆိုင်ရာ မြန်မာနိုင်ငံဌာန (MCRB) လိပ်စာ - အမှတ် ၆ (က) ၊ ရှင်စောပုလမ်း ၊ ကရင်ခြံရပ်ကွက် ၊ အလုံမြို့နယ် ၊ ၁၁၁၂၁ ရန်ကုန် ၊ မြန်မာနိုင်ငံ အီးမေးလ် - info@myanmar-responsiblebusiness.org ဖုန်း / ဖက်စ် - + ၉၅ (၀) ၁ ၅၁၂၆၁၃

ပူးတွဲရေးသားသူ (တစ်ဦးချင်းစီ) Nora Götzmann ၊ Elin Wrzoncki နှင့် Ida Jøker Krog
ထုတ်ဝေသည့်ရက်စွဲ 2018
စာမျက်နှာခွဲ 248
အဓိကစကားလုံးများ limestone,tin,swia
တင်ခဲ့သည့်ရက်စွဲ ဖေဖော်ဝါရီ 12, 2020, 07:04 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ မေ 4, 2021, 15:11 (UTC)