Skip to content

မြန်မာနိုင်ငံ မြို့ပြ အခြေအနေ

မြို့ပြဒေသများသည် လုပ်ငန်းဆောင်တာများဖြင့်အုတ်အုတ်ကျက်ကျက် သက်ဝင်လှုပ်ရှားနေသော သဘောသဘာဝရှိပါသည်။ မြို့ပြဒေသများသည် စီးပွါးရေး လုပ်ငန်းဆောင်တာများ၏ ဗဟိုချက်၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ပြည့်ကျပ် စုဝေးရာ နှင့် ရာဇဝတ်မှုများ ရှင်သန်ပေါက်ဖွားလွယ်သော နေရာများလည်းဖြစ်ကြပါသည်။ စက်မှုခေတ်မတိုင်မီက မူကားမြို့ပြဒေသများသည် ယနေ့ကာလ လူအများ သတ်မှတ်ယူဆထားသည့် မြို့ပြ ပုံစံ နှင့် အတော်ပင် ကွဲလွဲခဲ့ပါသည်။ အဆိုပါကာလများတွင် မြို့ပြဒေသများသည် ကုန်စည် ကူးသန်းရောင်းဝယ် ဖောက်ကားရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်း ဆောင်တာ များ၏ ဗဟိုချက်များ ဖြစ်ခဲ့ကြသော်လည်း ပြည်သူအများစုမှာမူကား ကျေးလက်ဒေသများတွင် အခြေချ နေထိုင်လျက် မိရိုးဖလာ တစ်နိုင်တစ်ပိုင် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများကိုသာ ဇောက်ချ လုပ်ကိုင် ခဲ့ကြပါသည်။ စက်မှုခေတ်တွင် ထွန်းကားလာသည့် အဆင့်မြင့် နည်းပညာများကြောင့် ကုန်ထုတ်လုပ်မှု ကဏ္ဏသည် အကြီးအကျယ် တိုးတက်ဖွံ့ဖြိုးလာခဲ့ပါသည်။ စက်မှုလုပ်ငန်းများမှ ပေးသည့် မြင့်မားသော လစာငွေများသည် လုပ်သားထုအား ကျေးလက်ဒေသများမှ စွန့်ခွါစေရန် ဆွဲဆောင်နိုင်ခဲ့သောကြောင့် ခေတ်မီမြို့ပြများ ပေါ်ထွန်းလာခဲ့ရပါသည်။ မြို့ပြများ ဖွံ့ဖြိုးလာသည်နှင့်အမျှ ခေတ်မီလူနေမှုဘဝ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေးသည် အဓိကလိုအပ်လာခဲ့သောကြောင့် ဝန်ဆောင်မှု လုပ်ငန်းများ သည် အဓိကအရေးပါသော ကဏ္ဏသို့ ရောက်ရှိလာခဲ့ရပါသည်။

မြို့ပြဒေသများတွင် လူအများအပြားနှင့် လုပ်ငန်းဆောင်တာများ စုပြုံများပြားလာမှုကြောင့် မြို့ပြများ၏ စီးပွါးရေးအလားအလာမှာ အလွန်အမင်းအားကောင်းလာခဲ့ပါသည်။ မြို့ပြဒေသများတွင်လုပ်ငန်း ကုမ္ပဏီများအတွက် လုပ်သားအင်အားရရှိရေး နှင့် လုပ်သားများအနေဖြင့် အလုပ်အကိုင်ရရှိရေးသည် ပိုမိုလွယ်ကူချောမွေ့ပါသည်။ ကုန်ထုတ်လုပ်ငန်းများအတွက်လိုအပ်သော သွင်းအားစုများ ရရှိနိုင်သည့် လမ်းကြောင်းသည် ဝေးကွာခြင်းမရှိသောကြောင့် လုပ်ငန်းကုန်ကျစရိတ်သည် မြင့်မားမှုမရှိပါ။ မြို့ပြဒေသများတွင် ဆက်သွယ်ရေးကွန်ယက်များ ထူထဲအားကောင်းခြင်းကြောင့် အကြံဉာဏ်နှင့် နည်းပညာများ ဖြန့်ဝေနိုင်၍ တီထွင်ဖန်တီးမှု အားကောင်းစေရန် ပံ့ပို့ကူညီနိုင်ပါသည်။ ထို့ကြောင့် မြို့ပြဒေသများတွင် ရရှိလာသည့် အကျိုးရလာဒ်များသည် စီးပွါးရေးအကျိုးအမြတ်ထက်ကျော်လွန်၍ အားလုံး လွှမ်းခြုံပါဝင်သည့် ဒီမိုကရေစီ လူ့အဖွဲ့အစည်း ပေါ်ထွန်းလာမည့် အခွင့်အလမ်းများကို ဖန်တီးပေးနေပါသည်။ မြို့ပြတစ်ခု ဝေဆာပွင့်လန်းလာစေရန်အတွက် ဖော်ပြပါ အပြန်အလှန် အကျိုး ပြုမှုများ ထိရောက်စွာဖြင့် အကြိမ်အရေအတွက် မကြာခဏ ပေါ်ပေါက်လာစေရန် အထူးလိုအပ် ပါသည်။ မြို့ပြဒေသများကို ကောင်းမွန်မှန်ကန်စွာ စီမံခန့်ခွဲပေးခြင်းဖြင့် ကုန်ထုတ်လုပ်ငန်းများ တိုးတက် လာမည့်နည်းတူ လူနေမှုဘဝ အရည်အသွေးသည်လည်း မြင့်မားလာရမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသော မြို့ပြဒေသများသည် အထက်ဖော်ပြပါ အချက်အလက်၊ အကြောင်း အရာများကို သုတေသနပြုလုပ်နိုင်ရန်အတွက် ခိုင်မာ၊ အကျုံးဝင်သော နယ်ပယ်တစ်ခုဖြစ်လာခဲ့ပါသည်။

Data Resources (1)

Data Resource Preview - မြန်မာနိုင်ငံ မြို့ပြ အခြေအနေ

Additional Info

Field Value
စာတမ်းအမျိုးအစား Issue and policy briefs
စာရွက်စာတမ်း၏ ဘာသာစကား
  • အင်္ဂလိပ်ဘာသာစကား
ခေါင်းစဉ်များ
  • Urban administration and development
  • Urban policy and administration
ပထဝီဧရိယာ (spatial range)
  • မြန်မာ
မူပိုင်ခွင့် To be determined
ရယူခြင်းနှင့် အသုံးပြုခြင်း အကန့်အသတ်များ

ရယူအသုံးပြုခွင့်ဆိုင်ရာ ကန့်သတ်ချက် တစ်စုံတစ်ရာ မရှိပါ။

ပြင်ဆင်ချက် 1.0
ခွင့်ပြုချက် CC-BY-3.0-IGO
ဆက်သွယ်ရန်

နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန ၊ လန်ဒန် စီးပွါးရေးနှင့် နိုင်ငံရေးသိပ္ပံ ပညာရပ်သင်ကျောင်း ၊ Houghton လမ်း ၊ လန်ဒန် WC2A 2AE အီးမေးလ်: mail@theigc.org ဝက်ဆိုက်: www.theigc.org

ရေးသားသူ (တစ်ဦးချင်း) Tim Dobermann
ထုတ်ဝေသူ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ဌာန ၊
ထုတ်ဝေသည့်ရက်စွဲ 2016
တင်ခဲ့သည့်ရက်စွဲ ဖေဖော်ဝါရီ 7, 2017, 05:02 (UTC)
ပြန်လည်ပြင်ဆင်သည့်ရက်စွဲ မတ် 30, 2021, 15:38 (UTC)